
နေပြည်တော် ဩဂုတ် ၂၅
NUG၊ CRPH အဖွဲ့တို့ကို ထောက်ခံအားပေးသည့် အကြမ်းဖက်သူများ အနေဖြင့် ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း စဉ်များကို ပျက်ပြားစေရန် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင် ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပုံရိပ်ပျက်ပြားစေရန် နည်းမျိုးစုံ အသုံးပြုကာ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် တပ်မတော်အရာရှိတစ်ဦးအဖြစ် ဟန်ဆောင်ကာ မန္တလေးမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးများ အကြောင်းအမျိုးမျိုးပြကာ တောင်းခံနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက အသွင်ယူစောင့်ဆိုင်းကာ ချမ်းအေးသာစံမြို့နယ် ၃၃ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားတွင် ထက်ဝေဖြိုး (ခ)ကိုထက် (၃၀) နှစ်၊ (ဘ) ဦးစိုးဝင်း၊ ၈၆ လမ်း၊ ၄၂ လမ်းထောင့်၊ သံလျက်မှော် အနောက်ရပ်ကွက် မဟာအောင်မြေမြို့နယ်နေသူအား ဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိတရားခံ၏ ထွက်ဆိုချက်များအရ ဖေဖော်ဝါရီလလယ် ခန့်မှစ၍ တပ်မ(၉၉)မှ ဗိုလ်မှူး ဇော်လင်းထွန်း ဟု အမည်နာမသုံးကာ မဟာအောင်မြေမြို့နယ်၊ “အောင်မိတ်ဆက်” ဆန်ဆိုင်၊ “ရွှေထိုက်” ဆန်ဆိုင်၊ “ချမ်းချမ်း”ကုန်စုံဆိုင်၊ “ဖိုးလုံး” ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်၊ “ရွှေသီး” ကုန်မာဆိုင်၊ “စိန်ဝင်းဝင်း”လက်ဖက်ရည်ဆိုင်၊ “မိုးမိုးကျော်” သကြားဆိုင်တို့ကိုလည်းကောင်း၊ ချမ်းအေးသာစံမြို့ နယ် “တျန်တင်” စတိုးဆိုင်၊ “ငွေလမင်း” ဆန်ဆိုင်နှင့် “ဂြိုလ်တု” စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်တို့ကိုလည်းကောင်း လိမ်လည်၍ ငွေတောင်းခံခဲ့ကြောင်း သိရသည်။
ယခုနောက်ဆုံးအကြိမ်တွင် ချမ်းအေးသာစံမြို့ နယ်ရှိ “ရွှေပြည်မိုး” စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်ကို ဩဂုတ် ၂၂ ရက် ညနေပိုင်း က ဖုန်းဖြင့်ဆက်သွယ်ကာ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံ ခဲ့ပြီး အဆိုပါ ငွေများ သွားရောက်ယူဆောင်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် ငွေကြေးလိမ်လည် ကောက်ခံမှုများတွင် စုစုပေါင်း ငွေကျပ် သိန်း ၁၁၀ ခန့်ရရှိခဲ့ပြီး အဆိုပါ ငွေများကို လောင်းကစားပြုလုပ်ရာတွင် အသုံးပြုခဲ့ကြောင်း သိရှိရ သည်။
အထက်ပါ ဖမ်းဆီးရမိသူကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်