
နေပြည်တော် ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်း များနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ဂုဏ်ပြုအမှာစကားများ ပြောကြားကြသည်။
ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ သည့် ဖြစ်စဉ်များ၊ ရွှေဆိုင်များ လက်နက်ဖြင့် ခြိမ်းခြောက်ဓားပြတိုက်မှုဖြစ်စဉ်များ၌ တရားခံများ နှင့် ရွှေထည်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးရာ၌ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် စကားပြောကြားပြီး ဖော်ထုတ်ဖမ်းဆီးရမိသည့် လက်နက်/ခဲယမ်းနှင့် မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်