မန္တလေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သူများကို လက်နက်/ခဲယမ်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်   ဇူလိုင်    ၁၈


အကြမ်းဖက်အဖွဲ့များ   အနေဖြင့်  နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို  ထိခိုက်ပျက်ပြားစေရန်ရည်ရွယ်၍  မိုင်းထောင်ဖောက်ခွဲ   တိုက်ခိုက် ခြင်းများအပါအဝင် အကြမ်းဖက်  တိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက  အကြမ်းဖက်မှု ဖြစ်စဉ်များ ဖြစ်ပွား မှုမရှိစေရေးအတွက်  ရှာဖွေစုံစမ်း ဖော်ထုတ်ခြင်းများ    အပါအဝင် လိုအပ်သည့် လုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။ 
ထိုသို့  ဆောင်ရွက်လျက်ရှိရာ မကွေးမြို့နယ်   ကံပြားကျေးရွာ အုပ်စု ကန်လှကျေးရွာရှိ စစ်ဆေး ရေးဂိတ်၌   လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များသည် လုံခြုံရေးလုပ်ငန်းများ     ဆောင် ရွက်စဉ် မသင်္ကာဖွယ် လူနှစ်ဦးဖြစ် သည့်   ရဲမင်းသူ (ဘ)   ဦးစိုးလွင်နှင့် ငြိမ်းမင်းဇော်(ဘ) ဦးအောင်အေး တို့ကို   ဇူလိုင်   ၁၇  ရက် နံနက် ၇ နာရီ မိနစ် ၂၀ ခန့်တွင် ဖမ်းဆီး ရမိခဲ့ပြီး လိုအပ်သည့်စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ရာ ရဲမင်းသူ၏ ဖော်ထုတ်ချက်အရ အကြမ်းဖက် သူများသည် မန္တလေးတိုင်းဒေသ ကြီး     ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက်၊ ၆၅(ဘီ)လမ်း၊ ၁၀၅ လမ်းနှင့် ၁၀၆ လမ်းကြားရှိ နေအိမ်၌ ခိုအောင်းလှုပ်ရှားလျက် ရှိကြောင်း   သိရှိရသဖြင့်   ယနေ့ နံနက်   ၁၁  နာရီခန့်တွင်   သွား ရောက် ရှာဖွေစစ်ဆေးခဲ့ရာ ယင်း နေအိမ်အတွင်းမှ အောင်ပိုင်  (ဘ)  ဦးထွန်းမောင်၊ သက်နိုင်ဝင်း (ဘ) ဦးစံ၊ ကျော်တင့် (ဘ) ဦးစိုးတင့်၊ ကျော်သီဟ (ဘ)ဦးခင်မောင်လွင် နှင့် ဆန္ဒအောင် (ဘ) ဦးအောင်မျိုး ထွန်းတို့ ငါးဦးကို အကြမ်းဖက် တိုက်ခိုက်ရာတွင် အသုံးပြုသည့်   ၄၀ မမ ဗုံးပစ်လောင်ချာ တစ်လက်၊   KA-25         မောင်းပြန်ရိုင်ဖယ်    လေးလက်၊ လက်ပစ်ဗုံး ရှစ်လုံး၊ ၄၀ မမဗုံးသီး  ၁၅   လုံး၊  ကျည်  ၄၈၄  တောင့်၊  KA-25    ကျည်အိမ်   ၁၂   ခု၊   အကြမ်းဖက်ဖောက်ခွဲ တိုက်ခိုက် ရာတွင်       အသုံးပြုသည့်    ဆက်စပ်ပစ္စည်းများနှင့်   အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါ    ဖမ်းဆီးရမိသူများ အား    ဥပဒေအရ    ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်  ပါဝင်ပတ်သက်  သူများကို ဖမ်းဆီးရမိရေးအတွက်  လုံခြုံရေး         တပ်ဖွဲ့ဝင်များက အပူတပြင်း      ရှာဖွေဖော်ထုတ် လျက်ရှိကြောင်း       သတင်းရရှိ သည်။                      

သတင်းစဉ်