
နေပြည်တော် ဧပြီ ၂၅
နိုင်ငံတော်အစိုးရအနေဖြင့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထုကို လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ ဖောက်ခွဲ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများကို ထိတ်လန့် ကြောက်ရွံ့စေရန် ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နိုင်မှု မရှိ စေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၈ ရက် ညပိုင်းတွင်
မန္တလေးတိုင်းဒေသကြီး မဟာ အောင်မြေမြို့နယ် အောင်ချမ်း အေးရပ်ကွက်နေ စည်သူ(ခ) ဆိတ်ကြီး (၄၀)နှစ်၊ ပြည်ကြီး တံခွန်မြို့နယ် သင်ပန်းကုန်း ရပ်ကွက်နေ အောင်ကျော်မိုး (ခ)မိုးမိုး(၃၈)နှစ်နှင့် အောင်မြေ သာစံမြို့နယ် ပြည်လုံးချမ်းသာ ရပ်ကွက် အကွက်အမှတ် (၅၂)နေ အောင်ထွန်းလင်း(ခ)ပါပူး (၄၄)နှစ်တို့ သုံးဦးကို ၉ မမ ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် ၄၁ တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်မိုင်း နှစ်လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဧပြီ ၉ ရက် နံနက်ပိုင်းတွင် ချမ်းအေးသာစံ မြို့နယ် ပြည်ကြီးမျက်မှန် ရပ်ကွက်ရှိ Yadanarpon Dynasty Hotel ၌ ကျော်စွာလင်း(ခ)တာရာ (၃၂)နှစ်နှင့် ဝတ်ရည်ချို (၂၁)နှစ် တို့ နှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး မဟာအောင်မြေမြို့နယ် ရဲမွန် တောင်ရပ်ကွက်ရှိ ကျော်စွာလင်း (ခ)တာရာ ငှားရမ်းထားသော နေအိမ်၌ KA-25 သေနတ် တစ်လက်၊ လက်လုပ်သေနတ် တစ်လက်၊ ကျည်အိမ် ခုနစ်ခု၊ ကျည်မျိုးစုံ ၃၂၆ တောင့်၊ အီနာဂါ ဗုံးသီး ၂၅ လုံး၊ လက်ပစ်ဗုံး ငါးလုံး၊ လက်လုပ်မိုင်း ခြောက်လုံး၊ ဒီတိုနေတာ ၃၇၅ ချောင်း၊ Keypad ဖုန်းအလုံး ၂၀၊ ဖောက်ခွဲ ရေး ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် ဖမ်းဆီးရမိတရားခံ များ၏ ထွက်ဆိုချက်အရ ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် ပုသိမ်ကြီး မြို့နယ် ကျောက်ချောကျေးရွာ (၁၆)မိုင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် တရားခံ အာကာဖြိုး (၂၃)နှစ်ကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံ အာကာဖြိုး၏ ထွက်ဆိုချက်အရ ဧပြီ ၁၄ ရက် ညနေပိုင်းတွင် ချမ်းမြသာစည်မြို့နယ် ၆၉ လမ်း (ဆ/၄)ရပ်ကွက်ရှိ အိမ်အမှတ် (၁၁၂)၌ ဝေလင်းအောင် (ခ)အောင်လေး (၁၉)နှစ်၊ ခိုင်မြင့်မြင့် (ခ)ခိုင်ခိုင်(၂၁)နှစ်တို့ နှစ်ဦးကို လက်လုပ်မိုင်း နှစ်လုံး၊ ကျည်ကာ အင်္ကျီ ငါးထည်၊ Keypad ဖုန်း နှစ်လုံးတို့ဖြင့် လည်းကောင်း၊ ယင်းနေ့ညပိုင်းတွင် ပြည်ကြီး တံခွန်မြို့နယ် (၁၁၃ x ၁၁၄)လမ်းကြား၌ အောင်ပြည့်ဖြိုး(ခ)တံခွန်(၂၆)နှစ်ကို လက်လုပ် သေနတ် နှစ်လက်၊ ပြောက်ကျား ယူနီဖောင်း သုံးစုံ၊ ကျည်ကာအင်္ကျီ တစ်ထည်တို့ဖြင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဧပြီ ၂၀ ရက် ညပိုင်းတွင် ချမ်းမြသာစည်မြို့နယ် ၁၀၉ (အေ)လမ်း၊ ၅၃ x ၅၄ လမ်းကြားရှိ နေအိမ်၌ မျိုးသီဟ (ခ) ရှောင်ကြီး (၂၂)နှစ်၊ ကျော်ဇင် ထွန်း(ခ)ကြောင်ကြီး (၁၉)နှစ်၊ ပြည့်စိုးခန့်(၁၉)နှစ်နှင့် သီဟဇော် (၁၇)နှစ်တို့ လေးဦးအား KA-25 သေနတ် သုံးလက်၊ ကျည်အိမ် ရှစ်ခု၊ ကျည်မျိုးစုံ ၃၆၀၊ ၁၀၇ မမ ရှော့ခ်တိုက်ဒုံးသီး တစ်လုံး၊ ဆေးပစ္စည်းမျိုးစုံထည့်ထားသည့် ပီနံအိတ် ၂၇ အိတ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိ တရားခံ ကျား ၁၁ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၁၃ ဦးကို KA-25 သေနတ် လေးလက်၊ ၉ မမ ပစ္စတို တစ်လက်၊ လက်လုပ်သေနတ် နှစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ ကျည်မျိုးစုံ ၇၂၇ တောင့်၊ လက်ပစ် ဗုံး ခြောက်လုံး၊ အီနာဂါဗုံးသီး ၂၅ လုံး၊ ၁၀၇ မမ ရှော့ခ်တိုက်ဒုံးသီး တစ်လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၀ လုံး၊ ဒီတိုနေတာ ၃၇၅ ချောင်း၊ ကျည်ကာအင်္ကျီ ခြောက်ထည်၊ ပြောက်ကျားယူနီဖောင်း သုံးစုံ၊ Keypad ဖုန်း ၂၂ လုံး၊ ဆေးပစ္စည်း မျိုးစုံ ထည့်ထားသည့် ပီနံအိတ် ၂၇ အိတ်နှင့် ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ကျော်စွာလင်း(ခ)တာရာ၊ အောင်ကျော်မိုး(ခ)မိုးမိုး၊ ဝတ်ရည်ချို နှင့် ဖမ်းဆီးရန်ကျန် တရားခံ ရှီခါ(ခ)Shika ၊ အေးငုဝါ ခိုင်(ခ)မတောက် တို့သည် ဖမ်းဆီး ရန် ကျန်တရားခံ သန်းမြတ်စိုး (ခ)မုန်တိုင်း၏ ချိတ်ဆက် ခေါ်ဆောင်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပန်ဝိုးလေးကျေးရွာအနီး၌ TNLA အဖွဲ့၊ တပ်မဟာ(၂)တွင် အကြမ်း ဖက်ဖောက်ခွဲရေး သင်တန်း တစ်လ တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် မန္တလေး တိုင်းဒေသကြီးသို့ ပြန်လည် စေလွှတ်ပြီး အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင် ရွက်ရန် သန်းမြတ်စိုး(ခ)မုန်တိုင်း မှ စေခိုင်းခဲ့ခြင်းဖြစ်ပြီး လိုအပ် သည့် လက်နက်/ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများကိုလည်း ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ စည်သူ(ခ)ဆိတ်ကြီး၊ အောင်ကျော်မိုး (ခ)မိုးမိုး၊ ထွန်းလင်း(ခ)ပါပူး၊ ကျော်စွာ လင်း(ခ)တာရာ၊ ဝတ်ရည်ချို တို့သည် မန္တလေးမြို့ရှိ ဇွဲထက် ရွှေဆိုင်အား ဓားပြတိုက်ရန် အတွက် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် နန္ဒမြောက်ရွာရှိ ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဘို ပိုင်ဆိုင်သည့် ဘဲခြံအတွင်း၌ သုံးရက် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည့်အပြင် ဖမ်းဆီးရန် ကျန် တရားခံ ရှီခါ(ခ)Shika နှင့် အေးငုဝါခိုင်(ခ)မတောက် တို့ ခေါင်းဆောင်၍ ရတနာပုံဥယျာဉ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည့်နေ့ နှင့် သင်္ကြန်ကာလအတွင်း မန္တလေးမြို့အတွင်း၌ အဖျက် အမှောင့်လုပ်ငန်းများ ဆောင်ရွက် ရန်စီစဉ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊ ဆေးပစ္စည်းမျိုးစုံ ထည့်ထားသည့် ပီနံအိတ် ၂၇ အိတ်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် အတွင်း လှုပ်ရှားနေသည့် TNLA အဖွဲ့၊ တပ်မဟာ(၂)သို့ ရောက်ရှိ နေသော ဖမ်းဆီးရန်ကျန် တရားခံ သန်းမြတ်စိုး (ခ) မုန်တိုင်း ထံ ပို့ဆောင်ရန် ဝယ်ယူစုဆောင်း ထားခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရား ခံများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက် ကြရန်နှင့် ပြစ်မှုကျူးလွန်ရာ တွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေး လျက်ရှိသော ဆက်စပ်တရားခံ များအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာ များ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေ များ ပေးအပ်ချီးမြှင့်လျက်ရှိ ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင် ကြိုးပမ်းဆောင်ရွက်နိုင် ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
သတင်းစဉ်