
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များက ကြီးမှူးကျင်းပသည့် သာသနာတော်နှစ် (၂၅၆၇)နှစ် အထိမ်းအမှတ်
မန္တလေးမြို့လေးပြင်လေးရပ်မှ သံဃာတော် ၁၀၂၆၈ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့်
နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
မန္တလေး မေ ၃
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ် သော ၁၃၈၅ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် သာသနာတော်နှစ် (၂၅၆၇) နှစ် အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင် များမှ ကြီးမှူး၍ မန္တလေးမြို့လေးပြင်လေးရပ်မှ သံဃာတော် ၁၀၂၆၈ ပါးအား ပင့်ဖိတ်၍ ဆွမ်း၊ ဆွမ်း ဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၆ နာရီက မန္တလေးမြို့ ကျုံးအရှေ့ဘက်၊ အနောက် ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်တို့ရှိ သတ်မှတ် မင်္ဂလာမဏ္ဍပ်များတွင် တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မိကာရာမကျောင်းတိုက် မိတ္ထီလာကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တသုဇနပီယ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ တိုင်းဒေသ ကြီး/မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ မန္တလေးမြို့လေးပြင်လေးရပ်ရှိ ပရိယတ္တိစာသင်တိုက် ကြီးများမှ ဆရာတော်ကြီးများ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော် မူကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၏ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော် ထွေးနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့ ၏ဇနီးများ၊ တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်မိသားစုများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသူများ၊ အလှူရှင်များနှင့် ပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
သီတင်းသုံးတော်မူ
ဦးစွာ မန္တလေးမြို့ လေးပြင်လေးရပ်တို့မှ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာ ၁၀၂၆၈ ပါးတို့က ကျုံးလေးပြင်လေးရပ်ရှိ မင်္ဂလာ မဏ္ဍပ် အသီးသီးတို့နှင့် ယာယီသီတင်းသုံးနေရာများ တွင် သီတင်းသုံးတော်မူကြသည်။
ယင်းနောက် နံနက်ပိုင်းတွင် အခမ်းအနားအား ကျုံးလေးပြင်လေးရပ်ရှိ မင်္ဂလာမဏ္ဍပ်အသီးသီး၌ နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီးနောက် ဆရာတော်ကြီးများထံမှ ကိုးပါးသီလခံယူပြီး ဆရာ တော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်ဒုတိယတိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများက ဆရာတော်ကြီးများအားလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ ပြီးနောက် ဆရာတော်ကြီးများထံမှ အနုမောဒနာ ရေစက်ချတရားနာယူပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုရုပ်သိမ်းခဲ့သည်။
လှူဖွယ်ပစ္စည်းများလောင်းလှူ
ဆက်လက်၍ မန္တလေးမြို့လေးပြင်လေးရပ်ရှိ သံဃာတော် ၁၀၂၆၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူပွဲကို တစ်ပြိုင်တည်းကျင်းပရာ သတ်မှတ် ထားသည့် ဥပါသကာအဖွဲ့များမှ အစီအစဉ်များအတိုင်း ဆရာတော်ကြီးများအား ပင့်ဆောင်လာရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများကို တစ်ပြိုင်တည်း လောင်းလှူခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်