မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ခရစ်တော်မွေးနေ့(ခရစ္စမတ်နေ့)ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနား တက်ရောက်

 

မန္တလေး   ဒီဇင်ဘာ  ၂၅
Good News Church (Mandalay)က ကြီးမှူးကျင်းပ သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်နေ့) ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို  ယနေ့မွန်းလွဲပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ  မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးမျိုးအောင်၊  တိုင်းဒေသကြီး  တရားလွှတ်တော်  တရားသူကြီးချုပ်၊   တိုင်းဒေသကြီး  အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  Good News   Church  (Mandalay)မှ   သိက္ခာတော်ရ ဆရာတော် ဦးခွန်ထူးနှင့် တာဝန်ရှိသူများ၊ အသင်းသူ အသင်းသားများ၊        ခရစ်ယာန်ဘာသာဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရစ္စမတ်ပွဲတော်အခါသမယနေ့တွင်   ခရစ်ယာန် ဘာသာဝင်များနှင့်အတူ ပါဝင်ဆင်နွှဲရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ခရစ်ယာန်ဘာသာဝင် များနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ခရစ်တော်၏ မေတ္တာတရား ဖြင့်     ငြိမ်းချမ်းသာယာရှိကြပါစေ၊   ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာအဖြာဖြာ ခံစားနိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ကြောင်း ပြောကြားသည်။
ထို့နောက် Good News Church (Mandalay)မှ သိက္ခာတော်ရဆရာတော် ဦးခွန်ထူးက မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံး ကောင်းချီးမင်္ဂလာများရရှိ ရန်   မေတ္တာပို့သဆုတောင်းပေးပြီး   ခရစ္စမတ်နေ့ အကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက်   တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများသည် Good News Church (Mandalay)မှ ခရစ်ယာန်ဘာသာဝင်လူငယ်များ၏ ခရစ်တော်မွေးနေ့(ခရစ္စမတ်နေ့)   ကျေးဇူးတော် ချီးမွမ်းခြင်း၊ ခရစ္စမတ်တေးသီချင်းများဖြင့် ဂုဏ်ပြု တင်ဆက်ခြင်းများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုငွေ များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍   တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခရစ်တော်မွေးနေ့ (ခရစ္စမတ်နေ့) ကျေးဇူး တော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်လာ ကြသည့် ခရစ်ယာန်ဘာသာဝင်များ၊ ဆရာတော်များ၊ လူငယ်အဖွဲ့များနှင့်    ရပ်မိရပ်ဖများအား   ရင်းနှီး နွေးထွေးစွာ    နှုတ်ဆက်ကြပြီး  ခရစ်တော်မွေးနေ့ (ခရစ္စမတ်နေ့) ကျေးဇူးတော်ချီးမွမ်းခြင်း အထိမ်း အမှတ်ဧည့်ခံသည့် လန်းဆန်းစာများကို အတူတကွ သုံးဆောင်ကြသည်။ 
သတင်းစဉ်