
မန္တလေး မေ ၉
မန္တလေးတိုင်းဒေသကြီးအတွင်း ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အရှိန် အဟုန်မြှင့်ဆောင်ရွက်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် စတင်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုံမှန်ကာကွယ်ဆေး ထိုးလွှမ်းခြုံမှုကို မြင့်မားစွာရရှိစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းအပါအဝင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ယခုထက် ပိုမိုတိုးတက်စေရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာကျော်ကံကောင်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်တို့က ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ငါးနှစ်အောက် ကလေးငယ် များအား ကာကွယ်ဆေးတိုက်ကျွေးပေးပြီး ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးနေမှုများကို ကြည့်ရှုအားပေးကာ ရင်းနှီးစွာ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်