
နေပြည်တော် ဇူလိုင် ၁၂
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စု အဖြစ် ကြေညာထားသည့် NUG ၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ပြည်သူ အတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ ဆရာမများအပါအဝင် နိုင်ငံ့ ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက် စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်း များ၊ အပြစ်မဲ့ပြည်သူများ သေကျေပျက်စီး စေရန် ရည်ရွယ်ချက်ဖြင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများတွင် မိုင်းထောင် ဖောက်ခွဲခြင်းများ၊ နိုင်ငံတော်အစိုးရ၏
အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်အတွက် နိုင်ငံတော် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင်အဆောက်အဦများအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက် ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား ရှာဖွေ ဖော်ထုတ်ဖမ်းဆီးခြင်းများကို နေ့/ညမပြတ် အရှိန် အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်နှင့် အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့်ဒေသခံ ပြည်သူများ၏ လျှို့ဝှက် သတင်းပေးပို့တိုင်ကြားချက် အရ ဇူလိုင် ၈ ရက် နံနက်ပိုင်းတွင် ချမ်းအေးသာစံ မြို့နယ် ဟေမာဇလရပ်ကွက် လမ်း (၃၀)၊ ၇၇x ၇၈ အကြားရှိ “မဟာ” ဆေးခန်း၌ နတ်ဆိုး PDF အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ငြိမ်းချမ်းအောင် (ခ) အားသစ်နှင့် တရားမဝင် ပေါင်းသင်းနေထိုင်သူ ပပဝင်းတို့ကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ငြိမ်းချမ်းအောင်၏ ထွက်ဆို ချက်အရ ၎င်းသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် KNLA တပ်မဟာ(၂)လှုပ်ရှားနယ်မြေ၌ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း သုံးလခန့် တက်ရောက် ခဲ့ကြောင်း၊ အကြမ်းဖက်သင်တန်းဆင်းပြီးနောက် ဧပြီလတွင် ပုသိမ်ကြီးမြို့နယ်အတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများ အား လုပ်ကြံသတ်ဖြတ်ရန်အတွက် နတ်ဆိုး PDF အမည်ခံအကြမ်းဖက်အဖွဲ့အား ငြိမ်းချမ်းအောင် ခေါင်းဆောင်၍ ပပဝင်း၊ ဖမ်းဆီးရန်ကျန်တရားခံများ ဖြစ်သည့် အယ်နှောင်း၊ ရတီ၊ ကျုံးကြီး၊ ကိုကြီး၊ ဒီပ၊ ကျွဲကြီး၊ ကိုမျိုး အပါအဝင် ၂၀ ဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ပုသိမ်ကြီးမြို့နယ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှု လေးကြိမ်၊ မိုင်းထောင်ဖောက်ခွဲမှု နှစ်ကြိမ် ဆောင်ရွက် ခဲ့ကြောင်း-
o ၂၀၂၂ ခုနှစ် မတ်လ ၂၀ ရက်တွင် ငြိမ်းချမ်းအောင် နှင့် ဖမ်းဆီးရန်ကျန် တရားခံ အယ်နှောင်းတို့ နှစ်ဦးသည် ပုသိမ်ကြီးမြို့နယ် ရေထွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေအား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ဖမ်းဆီး ရန်ကျန်တရားခံ ရတီမှ အခြေအနေကြည့်ရှု ပေးခဲ့ကြောင်း။
o ဧပြီလ ၁၉ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ များဖြစ်သည့် ရတီနှင့် အယ်နှောင်းတို့ နှစ်ဦး သည် ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာ အနီး၌ မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာ ဦးကျော် ရဲအောင်အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံ သတ်ဖြတ်ခဲ့ရာတွင် ငြိမ်းချမ်းအောင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။
o ဇွန်လ ၁၉ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ များဖြစ်သည့် ကျုံးကြီးနှင့် ကိုကြီးတို့ နှစ်ဦး သည် ပုသိမ်ကြီးမြို့နယ် ကန်သာကျေးရွာ ရာအိမ်မှူး ဦးသန်းဆွေအား ဒလန်ဟု စွပ်စွဲ ၍လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ဖမ်းဆီးရန် ကျန်တရားခံ အယ်နှောင်းမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
o ၂၀၂၃ ခုနှစ် ဧပြီ ၂၀ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် အယ်နှောင်း၊ ဒီပ၊ ကျွဲကြီး၊ ကိုမျိုးတို့အပါအဝင် အဖွဲ့ဝင်ခုနစ်ဦး ဖြင့် သံဃာအယောင်ဆောင်၍ လိုက်ထရပ် မော်တော်ယာဉ်ဖြင့် ပုသိမ်ကြီးမြို့နယ် မြကန်သာဈေးအနီး၌ ဈေးဝယ်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ငြိမ်းချမ်း အောင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။
o ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် အယ်နှောင်း၊ ကိုကြီးတို့မှ ပုသိမ်ကြီးမြို့နယ် မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲရာတွင် ငြိမ်းချမ်းအောင် မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။
o ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ငြိမ်းချမ်းအောင်၊ ဖမ်းဆီးရန်ကျန် တရားခံ များဖြစ်သည့် အယ်နှောင်း၊ ကိုကြီးတို့မှ ပုသိမ်ကြီးမြို့နယ် မြို့နယ်စည်ပင်သာယာရေး ရုံးအား လက်လုပ်မိုင်းတစ်လုံးဖြင့် ပစ်ခတ် ဖောက်ခွဲခဲ့ကြောင်း။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ် ဇွန်လမှ စတင်၍ အကြမ်းဖက်လုပ်ငန်းများ တွင် အသုံးပြုရန် “နတ်ဆိုး PDF အကြမ်းဖက်အဖွဲ့” Facebook Page အမည်ဖြင့် လူမှုကွန်ရက်မှတစ်ဆင့် ငွေကြေးကောက်ခံ၍လည်းကောင်း၊ NUG ထံမှ အကြမ်းဖက်လုပ်ငန်းဆောင်ရွက်ရန် ထောက်ပံ့ငွေများ တောင်းခံ၍လည်းကောင်း ရရှိငွေများဖြင့် အကြမ်းဖက် လုပ်ငန်းဆောင်ရွက်မှု၊ လက်နက်/ခဲယမ်းများ ဝယ်ယူ မှုနှင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များတွင် သုံးစွဲခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံများကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက် နေသူများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိ ပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများ အား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထား သည်။
သတင်းစဉ်