
နေပြည်တော် ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ၁၆ မိုင်စစ်ဆေးရေးစခန်း၌ ငွေကျပ်သိန်း ၃၄၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၄၀၀၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
စစ်ဆေးဖော်ထုတ်
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၇ ရက် နံနက် ၅ နာရီ ခွဲတွင် ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေးစခန်းတွင် မူဆယ်မှ မန္တလေးသို့ အေးမင်းထွန်း (၃၄ နှစ်) မောင်းနှင်ပြီး ချစ်ဗိုလ်(၃၀ နှစ်)လိုက်ပါလာသည့် မှန်လုံယာဉ် (အလတ်) ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၄၈၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၇၄၀၀၀ တွေ့ရှိခဲ့ပြီး ကွင်းဆက်အရ ယင်းစိတ်ကြွ ရူးသွပ်ဆေးပြားများ လက်ခံမည့်သူ ဖက်တီး(ခ)မျိုးကိုကို(၃၀ နှစ်)ကို နံနက် ၇ နာရီတွင် ချမ်းအေးသာစံမြို့နယ် ၈၅ လမ်း နှင့် ၈၆ လမ်းကြား၊ ၃၅ လမ်းရှိ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅ ပြား၊ Crown မော်တော်ယာဉ်တစ်စီးနှင့်လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ တင်ပို့ပေးခဲ့သူ နန်းမွေနွမ်းလှိုင် (၂၉ နှစ်)ကို မွန်းလွဲ ၁ နာရီခန့်တွင် မူဆယ်မြို့ ကောင်းနောင်ရပ်ကွက် အမှတ်(၁၂၈) နေအိမ်တွင် လည်းကောင်း အသီးသီးဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်