မန္တလေးတိုင်းဒေသကြီး ပါတ်ကုန်းဝန်းကျင် အုပ်ချုပ်ရေးမှူးကို လုပ်ကြံသတ်ဖြတ်ခဲ့သူများအား ဖမ်းဆီးရမိ

 

နေပြည်တော်  ဩဂုတ်  ၂၁


မန္တလေးတိုင်းဒေသကြီး  ချမ်းအေး သာစံမြို့နယ် ၇၂ လမ်း၊ ၂၉ လမ်း နှင့် ၃၀ လမ်းကြားရှိ  ပါတ်ကုန်း ဝန်းကျင်     ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်သူ      ဦးအောင်ဆွေထွန်း (၄၆နှစ်)   (ဘ)ဦးဉာဏ်စိန်ကို ဩဂုတ် ၁၈ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက  သေ နတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။


အဆိုပါ ပြစ်မှုကျူးလွန်သူများ အား   အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင် ရွက်ခဲ့ရာ  ဩဂုတ် ၂၀ ရက် နံနက် ပိုင်းတွင်         အုပ်ချုပ်ရေးမှူး အား  သေနတ်ဖြင့်  ပစ်ခတ်ခဲ့သူ အောင်မျိုးကျော်   (ခ)  သားကြီး (၃၃နှစ်)  (ဘ)ဦးမွတ်တားနှင့် ဆိုင်ကယ်ဖြင့်  လိုက်လံပို့ဆောင် ပေးသူ    ခန့်စည်သူ(ခ)မာရှယ် (၂၁နှစ်) (ဘ) ဦးတင်အုန်းတို့ကို ချမ်းမြသာစည်မြို့နယ်  ၄၆ လမ်း နှင့်   ၁၀၅(အေ)လမ်းထောင့်ရှိ မန်းဝေလှိုင်   တည်းခိုခန်းတွင် လည်းကောင်း၊  ရပ်ကွက်အုပ်ချုပ် ရေးမှူး၏  လှုပ်ရှားသွားလာမှုများ ကို စောင့်ကြည့်ပေးသူ ဇင်မင်းပိုင် (၂၈နှစ်)     (ဘ)ဦးမင်းပိုင်ကို ချမ်းအေးသာစံမြို့နယ် ၂၈ လမ်း နှင့် ၂၉ လမ်းကြား၊  ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ ၎င်း၏နေအိမ်တွင် လည်းကောင်း၊  လုပ်ကြံသတ်ဖြတ် ခဲ့သည့်   ဖြစ်စဉ်တွင်  အသုံးပြုခဲ့ သည့် သေနတ်ကို ဝှက်ထားပေးသူ ဒေါ်ယဉ်မျိုးသီ   (၅၀နှစ်) (ဘ)ဦးရဲမြင့်ကို    မဟာအောင်မြေ မြို့နယ်  မဟာမြိုင်(၁)ရပ်ကွက်၊ ၆၅ လမ်း၊ ၃၅ လမ်း နှင့် ၃၆ လမ်း ကြားရှိ ၎င်း၏နေအိမ်တွင်လည်း ကောင်း၊  ဖြစ်စဉ်တွင်   အသုံးပြုခဲ့ သည့်  ဆိုင်ကယ်အား  ဝှက်ထား ပေးသူ        အောင်မြင့်မြတ်ဖြိုး (၂၃နှစ်) (ဘ)ဦးရဲညွန့်ကို   မဟာ အောင်မြေမြို့နယ်  ၆၂ လမ်း၊ ၃၅ လမ်းနှင့်   ၃၆ လမ်းကြားတွင် လည်းကောင်း၊ ပြစ်မှုကျူးလွန်သူ များအား  တိမ်းရှောင်ရန်  နေရာ စီစဉ်ပေးသူ သူရိန်ထွန်း (ခ)ဘယ် ကျော် (၃၆ နှစ်) (ဘ)ဦးမြင့်ဟန် အား     ချမ်းအေးသာစံမြို့နယ် အမှတ်(၁၈၈/၁၄)၊ ၇၈လမ်းနှင့် ၇၉ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်း ကြားရှိ       ၎င်း၏နေအိမ်တွင် လည်းကောင်း  ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိ  တရားခံများနှင့် အတူ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် SIG SAUER 9mm ပစ္စတို သေနတ် တစ်လက်၊ ၎င်းကျည် ၂၇ တောင့်၊ ကျည်အိမ် နှစ်ခု၊ ဆိုင်ကယ် တစ် စီး၊ ဒီတိုနေတာများ၊  ဆူပူဆန္ဒပြရာ တွင်  အသုံးပြုသည့်   ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။


ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်များအရ   အုပ်ချုပ် ရေးမှူးကို  လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းသူမှာ    ရတနာပုံယူနိုက် တက်ဘောလုံးအသင်း   ခေါင်း ဆောင်   ဝင်းနိုင်စိုး (ခ) ပီချေး (ဖမ်းဆီးရန်ကျန်ရှိသူ)  ဖြစ်ပြီး အုပ်ချုပ်ရေးမှူး၏ လှုပ်ရှားမှုများ ကို ဇင်မင်းပိုင်က စောင့်ကြည့်ပေး ခဲ့ကြောင်း၊      အောင်မျိုးကျော်နှင့် ခန့်စည်သူတို့ နှစ်ဦးသည် အုပ်ချုပ် ရေးမှူးရုံးသို့ သွားရောက်၍ ခရီး သွားလိုသဖြင့်  ထောက်ခံစာလာ လုပ်ခြင်းဖြစ်ကြောင်း  ပြောဆိုပြီး အောင်မျိုးကျော်က  အုပ်ချုပ်ရေး မှူးအား  သေနတ်ဖြင့်   လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်း  ဖြစ်ကြောင်း၊ ထို့နောက် ဖြစ်စဉ်တွင် အသုံးပြုခဲ့ သည့် သေနတ်နှင့် ဆိုင်ကယ်တို့ကို ဒေါ်ယဉ်မျိုးသီနှင့်    အောင်မြင့် မြတ်ဖြိုးတို့က    ဝှက်ထားပေးပြီး သူရိန်ထွန်းစီစဉ်ပေးသည့် တည်းခို ခန်းတွင် တည်းခိုနေစဉ် ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်းနှင့်   တရားခံ များကို   တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး   ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်