မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဆောက်ချုံပေါက်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့သဖြင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ခဲ့ကြောင်း ကောလာဟလသတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဇန်နဝါရီ   ၁၁ 
မန္တလေးတိုင်းဒေသကြီး     မတ္တရာမြို့နယ် ဆောက်ချုံပေါက်ကျေးရွာ      အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၉ ရက် တွင်  ပစ်ခတ်ဝင်ရောက်ပြီး  မီးရှို့ဖျက်ဆီး ခြင်းကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင် ပျက်စီးခဲ့ကြောင်း    တရားမဝင်ပြည်ဖျက် မီဒီယာများက     ကောလာဟလသတင်း အမှားများကို   လုပ်ကြံရေးသားပြီး     လူမှု ကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ     သတင်းနှင့်     ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၉ ရက်တွင် ဆောက်ချုံပေါက်ကျေးရွာနှင့်  အနီးဝန်းကျင်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ  သွားရောက်ခဲ့ခြင်း မရှိပါကြောင်းနှင့် နယ်မြေ လုံခြုံရေးဆောင်ရွက်ခြင်းများ မရှိကြောင်း၊ ကောလာဟလ       သတင်းအမှားများသာ ဖြစ်ပါကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေ ဖြင့် ကောလဟလသတင်းများကို လုပ်ကြံ ရေးသားပြီး ပြည်သူများအား ကြောက်ရွံ့ ထိတ်လန့်စေရန် သတင်းအဆိပ်ခတ်ခြင်း နှင့် အကြမ်းဖက်သမားများမှ အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လာရန် လှုံဆော် ရေးသားဝါဒဖြန့်ခြင်းတို့ဖြင့်      နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှု     ပျက်ပြားစေရန်နှင့် တရားဥပဒေစိုးမိုးရေး    လုပ်ငန်းများကို ထိခိုက်စေရန်   သတင်းတု၊   သတင်းမှား များကို    လုပ်ကြံရေးသားနေခြင်းသာဖြစ် ကြောင်း သတင်းရရှိသည်။      သတင်းစဉ်