မန္တလေးမြို့ နန်းမြို့အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် အာသောကစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားပြုလုပ်

 

နေပြည်တော်  ဇန်နဝါရီ   ၁၉

 


မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့    နန်းမြို့အတွင်း     တည်ထား ကိုးကွယ်လျက်ရှိသည့် အာသောက စေတီတော်မြတ်ကြီး   စိန်ဖူးတော်၊ ငှက်မြတ်နားတော်      ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်း       မင်္ဂလာ အခမ်းအနားကို  ယနေ့နံနက်ပိုင်း တွင် နန်းမြို့အတွင်းရှိ ရန်အောင် မြင်ဓမ္မာရုံ၌      ပြုလုပ်ရာ    ချမ်းမြ သာစည်မြို့နယ် မဟာဓမ္မိကာရာမ တိုက်၊    ရတနာပုံကျောင်း   ဦးစီး ပဓာန         နာယကဆရာတော် နိုင်ငံတော်    သံဃမဟာနာယက အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ   ဘဒ္ဒန္တ သီဟနာဒ အမှူးပြုသော   ဆရာ တော်၊ သံဃာတော်များ ကြွရောက် တော်မူကြပြီး   အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်   အဖွဲ့ဝင်များ   တက် ရောက်ကြသည်။

 


ဦးစွာ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက  မဟာအောင်မြေ မြို့နယ်  မစိုးရိမ်တိုက်သစ်  မဟာ နာယက   ဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်  အဂ္ဂမဟာ ပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ  ဘဒ္ဒန္တဝါသေဌာဘိဝံသထံမှ ငါးပါးသီလ    ခံယူဆောက်တည်ကြ ပြီး သံဃာတော်များက   ပရိတ် တရားတော်များ       ရွတ်ဖတ်ချီးမြှင့် ကြသည်။

 


ထို့နောက်     စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား  ဆရာ တော်၊ သံဃာတော်များ၊ တိုင်းမှူး နှင့် အဖွဲ့ဝင်များက    ရွှေသင်္ကန်း များ     ကပ်လှူပူဇော်ကြသည်။ ယင်းနောက်  သံဃာတော်များအား လှူဖွယ်ပစ္စည်းများ   ဆက်ကပ် လှူဒါန်းကြသည်။

 


ဆက်လက်၍   တိုင်းမှူးနှင့် တက်ရောက်    လာကြသူများက မဟာဓမ္မိကာရာမတိုက်၊ ရတနာ ပုံကျောင်းဦးစီးပဓာန     နာယက ဆရာတော်ထံမှ    အနုမောဒနာ တရားနာယူ၍   လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ   အမျှ ပေးပြီး    သံဃာတော်များအား နေ့ဆွမ်း    ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း        သတင်းရရှိ သည်။


သတင်းစဉ်