မန္တလေးဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား အကျဉ်းသူ ၄၅၅ ဦးအား လွှတ်ပေး

 

မန္တလေး နိုဝင်ဘာ ၁၇


ယနေ့ကျရောက်သည့်  အမျိုးသား အောင်ပွဲနေ့ကို  ဂုဏ်ပြုသောအား ဖြင့်လည်းကောင်း၊   လူသားချင်းစာနာထောက်ထားသောအားဖြင့် လည်းကောင်း   နိုင်ငံတစ်ဝန်းရှိ  အကျဉ်းထောင်၊  အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံ နေကြရသော    အကျဉ်းသား၊ အကျဉ်းသူ   ၅၇၇၄   ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ရာ မန္တလေးမြို့ရှိ     မန္တလေးဗဟို အကျဉ်းထောင်မှ   အကျဉ်းသား အကျဉ်းသူ ၄၅၅ ဦး လွတ်ငြိမ်း ခွင့် ရရှိခဲ့ကြကြောင်း သိရှိရသည်။ 

 


အဆိုပါ မန္တလေးဗဟိုအကျဉ်း ထောင်မှ လွတ်ငြိမ်းခွင့်ရရှိသူများ အား  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ   မန္တလေးတိုင်းဒေသ ကြီး   လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော် မင်းက   ရှေ့ဆက်၍   တိုင်းပြည် တိုးတက်ရာ   တိုးတက်ကြောင်း  ဆောင်ရွက်သွားကြရန်၊ မိသား စုဘဝ အေးချမ်းသာယာ တိုးတက် အောင်   နေထိုင်သွားကြရန်၊  နိုင်ငံ့ အကျိုးပြုလုပ်ငန်းများ   ဆောင် ရွက်သွားကြရန်နှင့်  နောင်တွင် ပြစ်မှုပြစ်ဒဏ်များ  မကျူးလွန်ကြ ရန်    ဆုံးမဩဝါဒစကားများ ပြောကြားခဲ့သည်။ 

 


ထို့နောက်   လွတ်ငြိမ်းခွင့်ရ အကျဉ်းသား အကျဉ်းသူများအား အကျဉ်းထောင်   တာဝန်ရှိသူများ က   ကိုဗစ် - ၁၉    ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျန်းမာ ရေးစစ်ဆေးပေးခြင်း၊   နေ့တွက် စရိတ်နှင့် ခရီးစရိတ်ပေးအပ်ခြင်း တို့ကို စနစ်တကျ ဆောင်ရွက်ပေး ၍  အကျဉ်းထောင်မှ  လွှတ်ပေး ခဲ့သည်။

 


“ကျွန်တော်တို့ အကျဉ်းဦးစီး ဌာနဆိုတာက ထောင်ထဲမှာရှိတဲ့ အကျဉ်းသားအားလုံးကို  တရား ဝင် လွတ်စေချင်ပါတယ်။ ထောင် ဆိုတာက  လူ့အတွက်  ဘဝဆုံးရှုံး ပါတယ်။ ဒါကြောင့် အကျဉ်းသား တွေဟာ လိမ္မာကြပြီး  ဒီလိုလွတ် သွားကြတယ်ဆိုရင်  တိုင်းပြည် အတွက် ကောင်းတဲ့အလားအလာ ဖြစ်ပါတယ်။   အလွန်   ဝမ်းသာ ပါတယ်”  ဟု   တိုင်းဒေသကြီး အကျဉ်းဦးစီးဌာန       ဦးစီးမှူး ဦးချိုဝင်းထွန်းက ပြောသည်။ 

 


ပြစ်ဒဏ်   လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်   လွတ်မြောက်လာသူ တစ်ဦးကလည်း   “အခုလို  လွတ် မြောက်လာတဲ့အတွက်  အတိုင်း မသိ ဝမ်းသာပျော်ရွှင်မိပါတယ်။ ကျွန်တော်မိသားစုနဲ့  ကွဲကွာနေ တာ နှစ်နှစ်ခွဲရှိပါပြီ။ အခုဆို မိသား စုနဲ့ ပြန်လည်ဆုံတွေ့ရမှာဖြစ်တဲ့ အတွက်    အလွန်ကို   ပျော်ရွှင် နေမိပါတယ်။ ထောင်ထဲမှာ ကျန်ရှိ နေတဲ့ အကျဉ်းသား အကျဉ်းသူ တွေအနေနဲ့လည်း နိုင်ငံတော်က စေတနာ၊       မေတ္တာနဲ့ပေးတဲ့ လွတ်ငြိမ်းခွင့်ကို   အမြန်ဆုံးရရှိ ခံစားနိုင်ပါစေလို့ ဆုတောင်းပေးပါ တယ်။  နိုင်ငံတော်အကြီးအကဲ အားလုံးကိုလည်း အထူးကျေးဇူး တင်ရှိပါတယ်” ဟုပြောသည်။ 

 


မန္တလေးတိုင်း    ဒေသကြီး အတွင်း အကျဉ်းထောင် ခြောက် ခုရှိပြီး   ယနေ့တွင်    အမိန့်အရ အကျုံးဝင်ပြီး   လွတ်ငြိမ်းခွင့်ရရှိ သည့်  အမျိုးသား  ၈၇၄   ဦးနှင့် အမျိုးသမီး ၁၁၄  ဦး စုစုပေါင်း ၉၈၈  ဦးကို  လွှတ်ပေးခြင်းဖြစ် ကြောင်း၊ ၎င်းတို့အနက် မန္တလေး ဗဟိုအကျဉ်းထောင်မှ ၄၅၅ ဦး၊ မြင်းခြံအကျဉ်းထောင်မှ ၁၆၇ ဦး၊ မိတ္ထီလာအကျဉ်းထောင်မှ ၈၉ ဦး၊ ရမည်းသင်းအကျဉ်းထောင်မှ ၂၀၉ ဦး၊  ညောင်ဦးအကျဉ်းထောင်မှ ၄၆ ဦး နှင့်နေပြည်တော် အကျဉ်း ထောင်မှ ၂၂ ဦး  လွှတ်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။ 


မောင်အေးချမ်း