
မင်းဘူး ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒပူဇနိယပွဲတော်ဖွင့်ပွဲ၊ ဓာတ်လှေကားတာဝါ ဖွင့်ပွဲနှင့် ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်း ဖွင့်ပွဲများကို ဖေဖော်ဝါရီ ၅ ရက်က တစ်ပြိုင်တည်းကျင်းပကာ ဖွင့်ပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တပ်မတော်မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း /ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။
ခြေတော်ရာဖွင့်ပွဲ
ဦးစွာ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒပူဇနိယ ပွဲတော်ဖွင့်ပွဲကို မင်္ဂလာမုခ်ဦးရှေ့တွင် ကျင်းပကာ နိုင်ငံတော်ဩဝါဒါစရိယ စကုမြို့ကန်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တရ၊ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့ နောက် ဆရာတော်က မန်းရွှေစက်တော်ဘုရား အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက် ဖန်အုပ်ဆောင်းတော်နှင့် အထက်စက်တော်ရာ ပါဒ စေတီတော် ခြေတော်ရာသံတံခါးကို ဖွင့်လှစ်ပေး၍ ဩဝါဒါစရိယဆရာတော်ကြီးများက ဗုဒ္ဓပါဒ စေတီ တော်နှစ်ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင်ကြ သည်။
ဓာတ်လှေကားတာဝါ စတင်ဖွင့်လှစ်
ဆက်လက်၍ မန်းရွှေစက်တော်ဘုရားကြီးရှိ ဓာတ်လှေကားတာဝါနှင့် စင်္ကြံလျှောက်လမ်းဖွင့်ပွဲ ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ၍ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဥတ္တရ နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဓာတ်လှေကား ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ်၍ဖွင့်လှစ်ကာ ပြည်ထောင်စုဝန်ကြီးက ဓာတ်လှေကားစီး၍ တည် ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး သည်။
မန်းရွှေစက်တော်ဘုရား ဓာတ်လှေကားတာဝါနှင့် စင်္ကြံလျှောက်လမ်းကို Phase-1 နှင့် Phase-2 ဟူ၍ တည်ဆောက်ခဲ့ကာ နှစ်ကျိပ်ရှစ်ဆူ စေတီတော် အနီးမှ ကိုးခန်းကြီးဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေ) ရှိသည်။ ဘုရား ကြီးဘဏ္ဍာငွေမှ ခွင့်ပြုငွေ ကျပ်သိန်းပေါင်း ၁၈၀၀၀၀ ခန့်ဖြင့် ၂၀၂၁ ဇွန် ၂၉ ရက်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ဖွင့်လှစ်ခြင်း ဖြစ်သည်။ ဓာတ်လှေကားတစ်စင်းလျှင် လူ ၂၀ နှုန်း ဖြင့် စုစုပေါင်း လူ ၄၀ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ဘုရားဖူးပြည်သူများအနေဖြင့် အလွယ်တကူ တက် ရောက်ဖူးမြော်နိုင်မည်ဖြစ်သည်။ မန်းရွှေစက်တော် ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က) စာရင်းဝင် ဘုရားကြီးဖြစ်ပြီး မန်းရွှေစက်တော်ရာ ပါဒစေတီ တော် ဗုဒ္ဓပူဇနိယပွဲတော်ကာလမှာ နှစ်စဉ်တပို့တွဲ လဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ဆင်စခန်း ပြန်လည်ဖွင့်လှစ်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများသည် မင်းဘူးသစ်ထုတ်ရေး ဒေသ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်း ဖွင့်ပွဲနှင့် ဆင်စခန်း (၃) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ရှင်းလင်းဆောင် တွင် တာဝန်ရှိသူများက ဆင်စခန်း၌ သုံးနှစ်တာ ကာလအတွင်း ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြ၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်း ဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များကို မှာကြားကာ ဆင်စခန်းပြင်ဆင်ထားရှိမှုများ၊ ဆင်စာ ဘူဖေး ကျွေးမွေးနေမှုများနှင့် တည်းခိုဆောင်၊ နားနေ ဆောင်နှင့် ဆင်စီးအပန်းဖြေမည့် သဘာဝ တောတောင်ရေမြေနှင့် ရှုခင်းနေရာများကို လှည့်လည် ကြည့်ရှုစစ်ဆေးကြောင်းသိရသည်။
မောင်မောင်(မင်းဘူး)