မန်းရွှေစက်တော် ဘုရားကြီးအား တစ်နေ့လျှင် ဘုရားဖူးပြည်သူ ၁၀၀၀ ကျော် လာရောက်ဖူးမြော်

 

မင်းဘူး  ဖေဖော်ဝါရီ  ၂၅
မကွေးတိုင်းဒေသကြီး  မင်းဘူး (စကု)မြို့နယ်အတွင်းရှိ   မန်းရွှေ စက်တော်   ပါဒစေတီတော်မြတ် ကြီးတွင်    ဘုရားပွဲတော်ကာလ၌ အခါကြီးရက်ကြီးများနှင့်   စနေ၊ တနင်္ဂနွေ    ရုံးပိတ်ရက်များတွင် တစ်နေ့လျှင်     ဘုရားဖူးပြည်သူ ၁၅၀၀   ခန့်  လာရောက်ဖူးမြော် လျက်ရှိကြောင်း    ရွှေစက်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။
မန်းရွှေစက်တော်   ဘုရား ပွဲတော်ကို တပို့တွဲလဆန်း ၅ ရက် မှ မြန်မာနှစ်ဆန်း  ၁  ရက်အထိ ၈၃    ရက်ကြာ   ကျင်းပသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး၏ ပွဲတော်များအနက် ရက်အရှည်ဆုံး ကျင်းပသည့်       ပွဲတော်တစ်ခု ဖြစ်သည်။ သမိုင်းဝင်တန်ခိုးကြီး ဘုရားကြီး    ဖြစ်သည်နှင့်အညီ အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူး များ  တဖွဲဖွဲ  လာရောက်ဖူးမြော် လျက်ရှိပြီး အခါကြီးရက်ကြီးများ နှင့်   အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူ ၁၅၀၀ ခန့်နှင့် ကြားရက်များတွင်   ၁၀၀၀  ခန့် ဖူးမြော်လျက်ရှိကြောင်း   သိရ သည်။
ဘုရားပွဲတော်ကို    အဆင့် မြှင့်တင်ခြင်း   လုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိရာ ဘုရားဖူး ပြည်သူများကို စိတ်အေးချမ်းစွာ ဖူးမြော်နိုင်ပြီး မန်းချောင်းရေအား ကြည်ကြည်လင်လင်   သန့်သန့် ရှင်းရှင်း ချိုးနိုင်ရန် ဆည်မှ နေ့စဉ် ရေလွှတ်ပေးလျက်ရှိခြင်း၊ ရေတား များဖြင့်  ဆောင်ရွက်ထားရှိခြင်း၊ ယခုနှစ်တွင် ရိုးရိုးတည်းခိုဆောင် မှ နမ္မဒါအဆင့်မြင့် တည်းခိုခန်း များဖြင့် အဆင့်မြင့်မြင့် တည်းခို နိုင်ပြီး ၂၄ နာရီလျှင် ဝန်ဆောင်ခ ငွေကျပ် ၅၀၀၀၀ ၊ ရေစပ်ရှိ ရိုးရိုး တည်းခိုဆောင် ငွေကျပ် ၃၀၀၀၀ နှင့် ရေစပ်နှင့် ဝေးသည့် တည်းခို ဆောင်  ငွေကျပ်  ၂၀၀၀၀   များ ဖြင့်   တည်းခိုနိုင်ကြောင်း   သိရ သည်။ 
ထို့အပြင် အဘိုး အဘွားများ၊ ကျန်းမာရေး        ချို့တဲ့သူများ နှင့်   ကလေးသူငယ်များအတွက် တောင်ခြေမှ    ကိုးခန်းကြီးအထိ မှန်လုံယာဉ်ငယ်  ကလေးများဖြင့် ပြေးဆွဲ     ပို့ဆောင်ပေးလျက်ရှိပြီး ယာဉ်စီးခ      နှုန်းထားများမှာ တောင်ပေါ်အတက်       ငွေကျပ်  ၁၀၀၀ နှင့် အဆင်း ငွေကျပ် ၅၀၀ ဖြင့်      ပို့ဆောင်ပေးလျက်ရှိပြီး ဘုရားဖူး၍       မန်းချောင်းရေ အေးအေးချိုးကာ   ရွှေစက်တော် ပရိဝုဏ်အတွင်းမှ   တောတောင် ရေမြေနှင့်     စိမ်းစိုသာယာလှပ သည့်    သဘာဝအလှတရားများ ကို     ကြည့်ရှုခံစား၍ မန်းချောင်း အပန်းဖြေဆင်စခန်း၊   ရွှေစက် တော်      ဘေးမဲ့တောဥယျာဉ်ရှိ ကြယ်လိပ်နှင့်        ရွှေသမင်များ အပြင်          ငှက်မျိုးစိတ်များ လည်း      ကြည့်ရှုလေ့လာနိုင် ကြောင်း     မန်းရွှေစက်တော် ဂေါပက ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင် က ပြောပြသည်။ 
ဇေယျာထက်(မင်းဘူး)