
မင်းဘူး နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ် မန်းရွှေစက်တော်ရှိ ဘုရားကျေးရွာအနီး ရွှေစက်တော် မန်းချောင်းအတွင်း၌ မော်တော် ယာဉ်များ အသုံးပြုဖြတ်သန်း သွားလာနိုင်စေရန် ဒေသခံပြည်သူ များက ကိုယ့်အားကိုယ်ကိုးအစီ အစဉ်ဖြင့် ယာယီကုန်ထုတ် တံတားတစ်စင်းကို နိုဝင်ဘာ ၁၅ ရက်က စုပေါင်းတည်ဆောက်ခဲ့ ကြောင်း ဘုရားကျေးရွာအုပ်ချုပ် ရေးမှူးထံမှ သိရသည်။
အဆိုပါ ယာယီကုန်ထုတ် တံတားသည် ယာဉ်သွားလမ်း အကျယ် ၁၄ ပေ၊ အရှည်ပေ ၈၀ ခန့်ရှိပြီး ဘုရားကျေးရွာရှိ ဒေသခံပြည်သူများက ကိုယ့်အား ကိုယ်ကိုး စုပေါင်းထည့်ဝင်ငွေများ ဖြင့် ငွေကျပ် ၁၅ သိန်းခန့် အကုန် အကျခံကာ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘုရားကျေးရွာ အောင်မြေရတနာကျောင်းတိုက် ဆရာတော်က ဦးစီး၍ ဘုရားကျေး ရွာ ရပ်မိ/ရပ်ဖများနှင့် ဒေသခံ လူငယ်များက နိုဝင်ဘာ ၁၀ ရက် မှစတင် တည်ဆောက်ခဲ့ရာ နိုဝင် ဘာ ၁၅ ရက်တွင် တည်ဆောက် ပြီးစီးသဖြင့် ဒေသခံပြည်သူများက ကုန်ရောင်း/ကုန်ဝယ် မော်တော် ယာဉ်များဖြင့် အသုံးပြုဖြတ်သန်း သွားလာနေပြီဖြစ်ကြောင်း သိရသည်။
ယာယီ ကုန်ထုတ်တံတား တည်ဆောက်ပြီးစီးခြင်းကြောင့် ဘုရားကျေးရွာရှိ အိမ်ခြေပေါင်း ၃၃၀ မှ လူဦးရေပေါင်း ၁၃၀၀ ကျော်အတွက် များစွာအကျိုးရှိ ကြောင်း၊ ဘုရားကျေးရွာအနီး ရွာပတ်လမ်းမှ အောက်စက်တော် ရာအရောက် ကားများဖြင့် ဘုရား ဖူးပြည်သူများလည်း အလွယ် တကူ လာရောက်ဖူးမြော်နိုင်မည့် အပြင် ငဖဲမြို့နယ်နှင့် စေတုတ္တရာ မြို့နယ်များသို့လည်း ဖြတ်လမ်း အဖြစ် အသုံးပြုသွားလာနိုင် တော့မည်ဖြစ်ကြောင်း ဘုရား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်လွင်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)