မွန်ပြည်နယ်ဝန်ကြီးချုပ် သံဖြူဇရပ်မြို့နယ် ဒေသထွက်ကုန်ပစ္စည်းများ အရည်အသွေး​ပြည့်မီစွာထုတ်လုပ်နိုင်ရေး ကြည့်ရှုစစ်​ဆေး

 

သံဖြူဇရပ်   ဇန်နဝါရီ   ၁၉


မွန်ပြည်နယ်    ဝန်ကြီးချုပ်      ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနအလိုက်တာဝန်ရှိသူ များသည် ဇန်နဝါရီ ၁၈  မွန်းလွဲပိုင်းက ​သံဖြူဇရပ် မြို့နယ်   ကုန်းမြင့်သာယာကျေးရွာရှိ   Southland Myanmar ကုမ္ပဏီလီမိတက်သို့ ​ရောက်ရှိပြီး စက်ရုံ ရှင်းလင်း​ဆောင်တွင်    တာဝန်ရှိသူများက   စက်ရုံ လည်ပတ်​နေမှုအ​ခြေအ​နေနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် ​ ရော်ဘာစိုက်ပျိုးမှုနှင့်      ထွက်ရှိမှု  အများဆုံးဖြစ် သည့် ပြည်နယ်တစ်ခုဖြစ်သကဲ့သို့ အရည်အသွေးမီ အဆင့်မြင့်    ​ရော်ဘာကုန်​ချောထုတ်လုပ်နိုင်​ရေး ​ဆောင်ရွက်ကြရန်၊ စွန့်ပစ်​ရေဆိုးစနစ်များ စွန့်ထုတ် မှုတို့ကို   စနစ်တကျ​ဆောင်ရွက်ကြရန်  မှာကြားသည်။ 

 


ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် သံဖြူဇရပ်မြို့နယ် ဝဲတဝါကျေးရွာရှိ ဒူးရင်းခြံသို့​ရောက်ရှိကာ ဧက ၆၀၀ စိုက်ပျိုးနိုင်ရေး စီစဉ်​ဆောင် ရွက်ထားရှိမှုနှင့် လက်ရှိတွင် ဧက ၂၀၀ စိုက်ပျိုး ဖြစ်ထွန်းနေမှု  အ​ခြေအ​နေတို့ကို ကြည့်ရှုအား​ပေးသည်။

 


ထို့​နောက်   ပင​ကျေးရွာ   ဆားထုတ်လုပ်သည့် ​နေရာသို့   ရောက်ရှိကာ    ပြည်နယ်ဝန်ကြီးချုပ်က အရည်အ​သွေးမြင့်    အိမ်သုံး  အိုင်အိုဒင်းဆားများ ထုတ်လုပ်နိုင်​ရေး၊ ​​စျေးကွက်သို့ဈေးနှုန်းချိုသာစွာ ဖြင့်     ဖြန့်ဖြူးတင်ပို့​ရောင်းချနိုင်​ရေး   မှာကြားပြီး     ​​နေလှန်းဆားများ     ထုတ်လုပ်​​နေမှု၊ ဆားကြမ်းများ  သို​လှောင်ထားရှိမှုတို့ကို    ကြည့်ရှုစစ်​ဆေးကြောင်း သိရသည်။                          

 

 မြို့နယ်(ပြန်/ဆက်)