မွန်ပြည်နယ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စာရင်းများ မှန်ကန်မှုရှိ/မရှိ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မော်လမြိုင်  အောက်တိုဘာ  ၂၅


မွန်ပြည်နယ်အတွင်း  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ  မှတ်ပုံ တင်ခွင့်ပြုပြီးဖြစ်သည့်    နိုင်ငံရေး ပါတီများ၏    ပါတီဝင်အင်အား စာရင်းများ  မှန်ကန်မှု ရှိ/မရှိ  စိစစ် ခြင်းလုပ်ငန်းများ     ဆောင်ရွက်မှု နှင့်ပတ်သက်၍    လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို   ယနေ့ နံနက် ၉  နာရီက   မွန်ပြည်နယ်   အစိုးရ အဖွဲ့ရုံး      အောင်ဆန်းခန်းမ၌ ကျင်းပရာ   မွန်ပြည်နယ်ဝန်ကြီး ချုပ်      ဦးအောင်ကြည်သိန်း၊  ပြည်ထောင်စု        ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ် တာဝန်ခံ)  ဦးကိုကိုလွင်၊  ပြည်နယ် ဝန်ကြီးများ၊  ပြည်နယ်  အုပ်ချုပ် ရေးမှူး၊ သက်ဆိုင်ရာ  ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊  မွန်ပြည်နယ် အတွင်းရှိ     ပြည်နယ်၊  ခရိုင်၊    မြို့နယ်ရွေးကောက်ပွဲ အရာရှိများ၊  နိုင်ငံရေးပါတီများမှ     ပြည်နယ် အဆင့်      တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင်     ပြည်နယ် ဝန်ကြီးချုပ်က    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   ရှေ့လုပ်ငန်း စဉ်များနှင့်အညီ     မွန်ပြည်နယ် အတွင်း     ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်လာ ရေး     တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက်ရန်     ပြော ကြားသည်။   ယင်းနောက်     ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က  လက်ရှိ  ဆောင်ရွက် လျက်ရှိသည့်    ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့်  ပတ်သက်၍ ရှင်းလင်းချပြခြင်း၊   တင်ပြချက် များအပေါ်    ဖြည့်စွက်ဆွေးနွေး ခြင်း၊  တက်ရောက်လာသော ပါတီ များမှ နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဥပဒေ၊  နည်းဥပဒေများနှင့် အညီ   လိုက်နာဆောင်ရွက်ရေး ပြောကြားပြီး       မွန်ပြည်နယ် ရွေးကောက်ပွဲအရာရှိက     မွန် ပြည်နယ်အတွင်း     ပါတီဝင် အင်အားစာရင်းများ   စိစစ်ခြင်းနှင့် ပတ်သက်၍ တွေ့ရှိချက်များအား  ရှင်းလင်းတင်ပြရာ      တက်ရောက် လာသော    နိုင်ငံရေးပါတီများမှ  သက်ဆိုင်ရာ    ပါတီများအလိုက်   ပါတီဝင်အင်အားစာရင်း တွေ့ရှိချက်      ပြည်နယ်ချုပ်အပေါ်   လက်မှတ် ရေးထိုးခြင်းများ   ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။  

သတင်းစဉ်