မွန်ပြည်နယ်အတွင်း MSME လုပ်ငန်းရှင်များအတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများပေးရန် ဆောင်ရွက်လျက်ရှိ

 

​မုဒုံ   ​ဖေ​ဖော်ဝါရီ   ၂၅


မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ၏ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်က မုဒုံမြို့  ​ရွှေဟင်္သာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည် သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊  အသေးစား၊   အငယ်စားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊    ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဆွေးနွေးပွဲတွင်   ပြည်နယ်ဝန်ကြီးချုပ်က     မွန် ပြည်နယ်အတွင်း အလားအလာကောင်းသည့် ​ဒေသ ထွက်ကုန်ကြမ်းများ  ထုတ်လုပ်ခြင်းနှင့်   တစ်ပိုင် တစ်နိုင် ကုန်ထုတ်စီးပွား​​ရေးလုပ်ငန်းများ ​ဆောင်ရွက် ခြင်းတို့ကို  တစိုက်မတ်မတ်   အား​ပေး​လျက်ရှိ​​ပြီး  တီထွင်ဆန်းသစ်မှုနှင့် အရည်အ​သွေးမြင့် ထုတ်ကုန် များကို ဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုး​ဖောက်နိုင်မှု ဖြင့် အလားအလာ​ကောင်းများ ​ပေါ်ထွန်းလာ​စေ​ရေး၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု  အစီအစဉ်ဖြစ်မြောက် ရေးကို     ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ   MSME   လုပ်ငန်းရှင်များ၏ အားနည်းချက်၊ အားသာချက်များကိုသိရှိပြီး လိုအပ် သည့် ပံ့ပိုးကူညီမှုများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ယခုကဲ့သို့  စကားဝိုင်းများကို မြို့နယ်အသီးသီးတွင် ပြုလုပ်​ခြင်းဖြစ်​ကြောင်း၊   စကားဝိုင်းဆွေးနွေးပွဲမှ ပြည်နယ်အတွင်းရှိ   MSME   စီးပွားရေးလုပ်ငန်းရှင် များ  လိုအပ်မည့် လုပ်ငန်းဈေးကွက်   အခိုင်အမာ ရရှိရေး၊ လုပ်ငန်းတိုးချဲ့နိုင်ရန်အတွက် လိုအပ်သည့် အခက်အခဲနှင့် မတည်ရင်းနှီးငွေများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များနှင့်  ဆက်စပ်ဆောင်ရွက် နိုင်မှုအ​ခြေအ​နေ၊ စွန့်ဦးတီထွင်လုပ်ငန်း အခန်းကဏ္ဍ များအပြင် ရလဒ်​ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်ကြောင်း ​ပြောကြားသည်။


ထို့နောက်  အေဂျင်စီအတွင်း​ရေးမှူးက    မွန် ပြည်နယ်အတွင်း    ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊  အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်​ရေးအတွက် ကဏ္ဍအလိုက်​ ဆောင်ရွက်ထားရှိမှုအ​ခြေအ​နေများကို  ရှင်းလင်း ဆွေး​နွေးပြီး တက်​ရောက်​ဆွေး​နွေးသူများက စက်မှု နှင့် MSMEs ကဏ္ဍ၊​​ မြေယာကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ၊ နည်းပညာဖွံ့ဖြိုးတိုးတက်​ရေးကဏ္ဍ၊​ စျေးကွက် ရရှိ​ရေးကဏ္ဍ၊ အခွန်ကဏ္ဍ၊ ဘဏ်လုပ်ငန်းများကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး​ရေးကဏ္ဍ၊ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍများနှင့်ပတ်သက်၍   ဆွေး​နွေးပြီး  ဒေသခံအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွား ရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို ​မေးမြန်း ဆွေးနွေးသည်။


 မြို့နယ် (ပြန်/ဆက်)