မွန်ပြည်နယ်အတွင်း MSME လုပ်ငန်းများဖော်ဆောင်၍ ​ဒေသထွက်ကုန်ထုတ်လုပ်မှုမြှင့်တင်ရန် ဆောင်ရွက်မည်

 

မော်လမြိုင်   ​အောက်တိုဘာ   ၂၈


မွန်ပြည်နယ်  နိုင်ငံ့စီးပွားမြှင့်တင်ရေး   လုပ်ငန်း ကော်မတီ၏လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ကို အောက်တိုဘာ ၂၆ ရက်က ပြည်နယ် အစိုးရအဖွဲ့ရုံး ​အောင်ဆန်းခန်းမ၌   ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက် အမှာစကားပြောကြားသည်။ 

 


ပြည်နယ်  ဝန်ကြီးချုပ်က   ပြည်ပအစားထိုး သွင်းကုန်များကို မိမိတို့ပြည်နယ်အတွင်း၌ အရည် အသွေးမီ   ထုတ်လုပ်ဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာပြီး ​​ဒေသ တွင်း လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်​ကြောင်း၊ ပြည်နယ်အတွင်း အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို ဖော်ဆောင် ၍ ​ဒေသထွက်ကုန် ထုတ်လုပ်ခြင်းများကို မြှင့်တင်​ပေး​ခြင်း၊  စိုက်ပျိုး​မွေးမြူရေးထုတ်ကုန်များ ကို အခြေခံသည့်ကုန်ထုတ်လုပ်မှုများကို ပိုမိုတိုးတက်​ ထုတ်လုပ်စေခြင်းတို့ကို အ​ထူးအ​လေး​ပေး   ဆောင် ရွက်​ကြစေလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက် အောင်မြင်မှုရှိ​စေ​ရန်နှင့် ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြု​စေ​မည့်    လုပ်ငန်းများ​ကို ​  Standard Operating  Procedure   (SOP)   များနှင့်အညီ ​ဆောင်ရွက်ကြရန်  လို​ကြောင်း၊ ​  ကောင်းမွန်​သော စီးပွား​ရေး အ​ခြေအ​နေ​ကောင်းများ ​ပေါ်ထွန်းလာ​စေ​ရေးနှင့် ပြည်သူများ စီးပွား​ရေးအခွင့်အလမ်းများ ရရှိ​စေ​ရေးအတွက်   ဝိုင်းဝန်းပူး​ပေါင်းဆောင်ရွက် စေလို ကြောင်း ပြောကြားသည်။

 


ထိုနောက် တက်​ရောက်လာသူများက  နိုင်ငံ စီးပွားမြှင့်တင်​ရေး  ရန်ပုံ​ငွေဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ရန်  စိုက်ပျိုး​ရေး၊   မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ကဏ္ဍများအလိုက်   ရှင်းလင်းတင်ပြ ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်​ဆွေးနွေး ၍  ပြည်နယ်ဝန်ကြီးချုပ်က  လိုအပ်သည်များကို ​​ပေါင်းစပ်ညှိနှိုင်း  ​ဆောင်ရွက်​​ပေးခဲ့‌ကြောင်း  သိရ သည်။                                    

ခရိုင် (ပြန်/ဆက်)