
မော်လမြိုင် ဇူလိုင် ၂၈
မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း နှင့်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ဇူလိုင် ၂၆ ရက်က ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး အောင်ဆန်းခန်းမ၌ ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးသည် မကြာမီရောက်ရှိလာ မည်ဖြစ်ကြောင်း၊ ထို့အတွက် ချမှတ်ထားသည့် Standard Operation Procedure (SOP) ၁၂ ချက်နှင့်အညီ သက်ဆိုင်ရာမြို့နယ်များ အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး လူဦးရေစာရင်း များ ကောက်ယူထားရန်၊ ကာကွယ်ဆေးထိုးမည့် နေရာ များကို ကြိုတင်ဆောင်ရွက်ထား ရန် လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက် တက်ရောက် လာကြသည့် ဌာနဆိုင်ရာတာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြား သည်။
ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းများအတွက် အဘက်ဘက်က စီစဉ်ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ Standard Operation Procedure (SOP) ၁၂ ချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင် ရေး အလေးပေး ဆောင်ရွက်လျက် ရှိရာ လက်ရှိတွင် ပြည်နယ် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ကိုး သောင်းကျော် ထိုးနှံပေးမည်ဖြစ် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)