
မော်လမြိုင် ဇူလိုင် ၃၀
မွန်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ(၃/၂ဝ၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မွန်ပြည် နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ချုပ် ဦးအောင်ကြည်သိန်းက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သည် နိုင်ငံတော်ကို မီးခိုး မထွက် ဘဲ အခွန်ငွေရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည့် အတွက် ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေး အထူးအလေးထား ဆောင် ရွက်လျက်ရှိပါကြောင်း၊ ခရီးသွား ဒေသများတွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု၊ ဒေသထွက် အစားအစာများ အရည်အသွေး ကောင်းမွန်စွာ ထုတ်လုပ်ရောင်းချမှု နှင့် ခရီးစဉ်ဒေသများတွင်လမ်းညွှန် အမှတ်အသားများ ထားရှိစေရေး ဆောင်ရွက်ပေးကြ စေလိုကြောင်း နှင့်ပြည်နယ်အတွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန်နှင့် ခရီး သွားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဖန်တီး ပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ပြည်နယ် အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုပ်ငန်း ကော်မတီဝင်များက ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ချက်များပေါ် ပြည်နယ်ဝန်ကြီးများ က ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ပြည်နယ်ဝန်ကြီး ချုပ်က မွန်ပြည်နယ် ၂ဝ၂၄ ခုနှစ်၊ ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို တက်ရောက်၍ အမှာ စကားပြောကြားပြီး ကော်မတီဝင် များက ၂ဝ၂၄ ခုနှစ်၊ ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်း တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သက်နိုင် (မော်လမြိုင်)