
မော်လမြိုင် ဩဂုတ် ၇
ကိုဗစ် -၁၉ ရောဂါ ဖြစ်ပေါ်နေသည့် ကာလအတွင်း မွန်ပြည်နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက မွန်ပြည်နယ်အစိုးရအဖွဲ့ ရုံး အောင်ဆန်းခန်းမ၌ ကျင်းပ ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက စိုက်ပျိုး ရေး လုပ်ငန်းများသည် အခြေခံ လိုအပ်ချက်ဖြစ်သည့် အထွက် နှုန်း ကောင်းမွန်စေရန်အတွက် မျိုးကောင်း၊ မျိုးသန့်ရရှိစေရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေ ဩဇာများ ရရှိစေရေး၊ စိုက်ပျိုးမြေ ဖော်ထုတ်ပေးခြင်း၊ စိုက်ပျိုးရေ ရရှိစေရေး၊ စိုက်ပျိုးရေးနည်းစနစ် များ ရရှိအောင် ဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း၊ စီးပွားဖြစ် မွေးမြူရေးခြံများ၊ တစ်ပိုင်တစ်နိုင် မွေးမြူရေးခြံများနှင့် ငါးလုပ်ငန်း များကို အားပေးခြင်းဖြင့် အလုပ် အကိုင်အခွင့်အလမ်းများ ပိုမို ရရှိလာမည်ဖြစ်သလို အသား၊ ငါးကဏ္ဍ ထုတ်လုပ်မှုလည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်းစိုက်ပျိုး၊ မွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ချိ ရောင်းချခြင်း အပေါ် မိမိတို့အစိုးရက မည်သည့် ကဏ္ဍများမှာ ပံ့ပိုးရမည်၊ မည်သည့် လုပ်ငန်းစဉ်တွေကို ဖြေလျှော့ပေးရမည်ဆိုတာ တင်ပြ ပေးစေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ တက်ရောက် ကြသည့် စိုက်ပျိုးရေးလုပ်ငန်းရှင် များအသင်း၊ မွေးမြူရေးလုပ်ငန်း ရှင်များအသင်း၊ ငါးလုပ်ငန်းရှင် များအသင်းနှင့် ကုန်သည်ကြီး များ အသင်းတို့နှင့် စိုက်ပျိုးရေး တောင်သူများက ကိုဗစ်-၁၉ ကာလအတွင်း ရင်ဆိုင်ရသည့် အခက်အခဲများနှင့် တင်ပြချက်များ အပေါ် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူတို့က ပြန်လည် ဆွေးနွေးပေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးသည်၊၊
မွန်ပြည်နယ်တွင် စိုက်ပျိုးရေး ကဏ္ဍအနေဖြင့် မိုးစပါးစိုက်ပျိုး လျာထားဧက ခြောက်သိန်း ရှစ်သောင်း ခြောက်ထောင်ကျော် ရည်မှန်းထားပြီး ငါးသိန်း ခုနစ် သောင်း ရှစ်ထောင်ကျော် စိုက်ပျိုး ထားရှိပြီးဖြစ်ကာ ရာခိုင်နှုန်း အားဖြင့် ၈၄ ဒသမ ၂၇ ဧက စိုက်ပျိုး ဆောင်ရွက်ထားပြီး ရော်ဘာစိုက်ဧက ကိုးသိန်းကျော် စိုက်ပျိုးထားသည့်အပြင် ဒူးရင်း၊ မင်းကွတ်၊ ကြက်မောက်နှင့် အခြားသီးနှံများ စိုက်ပျိုးကြောင်း၊ မွေးမြူရေး ကဏ္ဍအနေဖြင့် တစ်ပြည်နယ် လုံးတွင် ဘဲခြံ ၂၁ ခြံ၊ ဥစားဘဲ ၁၀၁ ခြံ၊ ငုံးခြံ ခြောက်ခြံ၊ ဒေသနွား ငါးခြံ၊ နို့စားနွား ၃၄ ခြံ၊ ကျွဲခြံ ၂၀၊ ဝက် ၂၃၈ ခြံ၊ ဆိတ် ၄၇ ခြံ၊ ဥစား ကြက် ၂၇၃ ခြံ၊ အသားစား ကြက်ခြံ ၃၈၀ ရှိပြီး အခြားတစ်ပိုင် တစ်နိုင် မွေးမြူရေးခြံများနှင့် ငါး မွေးမြူရေးလုပ်ငန်းများ၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်း စိုက်ပျိုးသီးနှံ များ အထွက်နှုန်းတိုးတက်လာစေ ခြင်း၊ သီးနှံအရည်အသွေးပြည့်မီ ခြင်းတို့သည် စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ ဈေးနှုန်း ချိုသာစွာ ဝယ်ယူစားသုံးနိုင် အောင် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်၊၊
ခရိုင်(ပြန်/ဆက်)