မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုဗစ်-၁၉ အထောက်အကူပြု လိုအပ်သည့် ​အောက်ဆီဂျင်များ ​ပေးအပ်လှူဒါန်းမှု လက်ခံခြင်းနှင့် ပိုး​တွေ့လူနာ ကူညီ​ပေးသူများကို ​ထောက်ပံ့​ရေးပစ္စည်းပေးအပ်

 

မော်လမြိုင်    ဇူလိုင်    ၂၅


မွန်ပြည်နယ်     စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  ဦးဇော်လင်းထွန်း နှင့်      ကောင်စီဝင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည်    ယ​နေ့    နံနက်  ၉   နာရီခွဲက    ​မော်လမြိုင်မြို့     ​ကျောက်တန်း စက်ရုံစု၌     ကိုဗစ်-၁၉  ပိုး​တွေ့ လူနာများအတွက်       လိုအပ် သည့်  ​အောက်ဆီဂျင်  အရည်ကို     ကျန်းမာရေးနှင့်        အားကစား ဝန်ကြီးဌာန၏    စီစဉ်​မှုဖြင့်    မွန် ပြည်နယ်          စီမံအုပ်ချုပ်ရေး ကောင်စီမှ ဆောင်ရွက်​သည့်  မွန် ပြည်နယ်အတွက်      ပထမဦးဆုံး အကြိမ် Liquid Oxygen ၅ တန် ဆံ့    ယာဉ်ကို ကိုးကန့်လူမှုဖွံ့ဖြိုး​ရေးအသင်းမှ     လှူဒါန်းမှုကို လက်ခံရယူပြီး    ဂုဏ်ပြုမှတ်တမ်း လွှာ ​ပြန်လည်ပေးအပ်သည်။

 


ဆက်လက်၍     ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည်​  မော်လမြိုင်အ​ထွေ​ထွေ​ရောဂါကု ပြည်သူ့​ဆေးကြီးရှိ   Isolation    Ward-1 ၊ Isolation Ward-3 ၊ ပရိယတ္တိ  ဓမ္မဗိမာန်​တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင်      ကူညီ​ဆောင် ရွက်​ပေးသူများကို ထောက်ပံ့​ရေး ပစ္စည်းများ ​​ပေးအပ်သည်။

 


မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအ​နေဖြင့်  ကိုဗစ်-၁၉​ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်   အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ   ​ဆောင်ရွက်နိုင်ရန်      ကိုဗစ်-၁၉ ပိုး​တွေ့လူနာများအတွက်  လိုအပ် သည့် ​အောက်ဆီဂျင်များ၊ ကျန်းမာ​ရေးသုံးပစ္စည်းများအပြင် အခြား လိုအပ်သည်များကို  ​ထောက်ပံ့ပေး လျက်ရှိပြီး အဆိုပါပိုးတွေ့ လူနာ များ ထားရှိရာနေရာများဖြစ်သည့် မော်လမြိုင်မြို့ ​အ​ထွေ​ထွေ​ရောဂါ ကု​ ဆေးရုံကြီးရှိ Isolation Ward-1 ၊ Isolation Ward- 3 ၊ ​​မော်လမြိုင် တက္ကသိုလ် (၁၀) မြို့နယ်ဆောင်၊ ပရိယတ္တိ ဓမ္မဗိမာန်​တော်ကြီးတို့ တွင်လည်း တပ်မ​​တော်​ဆေးဘက် ဆိုင်ရာ  သမား​တော်များ၊ ကျန်းမာ​ ရေးဦးစီးဌာနမှ    ဆရာဝန်များ၊  ပရဟိတအဖွဲ့များက       ဝိုင်းဝန်း ကူညီ   ဆောင်ရွက်ပေးသကဲ့သို့  ပြင်ပ​ပုဂ္ဂလိက​      ဆေးရုံများမှ ဆရာဝန်များ၊        သူနာပြုများက လည်း ပူး​ပေါင်းကူညီဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။


ခရိုင် (ပြန်/ဆက်)