
မန္တလေး ဇန်နဝါရီ ၁၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် အပ်နှင်းရာတွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ဆက်ကပ်ခြင်းခံရသော နိုင်ငံ တော် ဩဝါဒါစရိယ၊ မဏိရတနာ မြတောင်ကျောင်းတိုက် အဓိပတိ မဟာနာယက ဆရာတော် ဘဒ္ဒန္တ အင်္ကုရအား မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် ဇနီးတို့က ဂုဏ်ပြုပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ယင်းကျောင်းတိုက်ရှိ မြတောင်သာသနာ နှစ် (၁၀၀) ပြည့် ဗိမာန်တော်တွင် ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော် ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူကာ ပရိတ်တရား တော်များ နာယူကြည်ညိုပြီး ပဒေသာရွှေကျောင်းဆရာတော် ဘဒ္ဒန္တရာဇိန္နကမှ ဆရာတော် ကြီး၏ ထေရုပ္ပတ္တိကထာကို ဖတ် ကြားပူဇော်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေး ဆိုင်ရာများကို လျှောက်ထား သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် ဇနီးတို့ က အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် တော် ဆက်ကပ်ခြင်းခံရသော မြတောင်ကျောင်းတိုက် ဆရာ တော်ကြီးအား နဝကမ္မလှူဒါန်း ငွေကျပ်သိန်း ၃၀ နှင့် သင်္ကန်း၊ လှူဖွယ်ပစ္စည်းများကို လည်း ကောင်း၊ ပင့်သံဃာများနှင့် ကျောင်းတိုက်ရှိ နာယက၊ စာချ ဆရာတော်များနှင့် စာသင်ရဟန်း သံဃာများအတွက် နဝကမ္မ လှူဒါန်းငွေကျပ် ၁၃၆၈၀၀၀၀ ကို သာယာဝင်းကျောင်း ဆရာ တော်ထံသို့လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးတို့က ယခင်နှစ် ကရရှိခဲ့သော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိသော ဆရာတော်များအား သင်္ကန်း၊ လှူဖွယ်နှင့် ဝတ္ထုငွေများ ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများ၏ ဇနီးများက သင်္ကန်းအစရှိသော လှူဖွယ် ပစ္စည်းများကို လည်းကောင်း ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ မဏိရတနာမြတောင် ကျောင်း တိုက်ဝင်းအတွင်းရှိ အောက်ဆီဂျင် စက်ရုံအတွက် ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ရန် လှူဒါန်းငွေကျပ်သိန်း ၂၆၀ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြပြီး မဏိ ရတနာ မြတောင်ကျောင်းတိုက်၊ နိုင်ငံ တော် ဗဟိုသံဃာ့ဝန်ဆောင် သာယာဝင်းကျောင်းဆရာတော် ဘဒ္ဒန္တ သာဂရာဘိဝံသထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာ ရေစက်ချတရား နာယူ ကြည်ညိုကြပြီး ရေစက် သွန်းလောင်း အမျှပေးဝေကြ သည်။
ယနေ့အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် ဇနီး မိသားစုတို့က ဆွမ်း၊ သင်္ကန်း၊ ဆွမ်းစားဆောင် သုံးပစ္စည်းများ၊ လှူဒါန်းငွေများ စုစုပေါင်း ငွေကျပ် ၂၇၉၃၀၀၀၀၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်တို့မှ အောက်ဆီဂျင် စက်ရုံအတွက် ထရန်စဖော်မာနှင့် ဆက်စပ် ပစ္စည်းများ ဝယ်ယူရန် လှူဒါန်း ငွေကျပ်သိန်း ၂၆၀ စုစုပေါင်း ငွေကျပ် ၅၃၉၃၀၀၀၀ လှူဒါန်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်