“မြန်မာသက္ကရာဇ် ၁၃၈၃-၁၃၈၄ ခုနှစ် တန်ခူးလဆန်း ၁၃ ရက်နေ့မှ တန်ခူးလဆုတ် ၁ ရက်နေ့အထိ (၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ယာဉ်မောင်းသူများ သတိပြုရန်အချက်များ”

 

(က)    မြန်မာ့ရိုးရာ  ယဉ်ကျေးမှုမဟာသင်္ကြန်ကာလ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မောင်းနှင်သူများ လိုက်နာရန်-
        (၁)    မူးယစ်သောက်စားယာဉ်မမောင်းရ၊၊
        (၂)    အပျော်လွန်ကျူး       စည်းကမ်းမဲ့       ပြိုင်မမောင်းရ၊ 
            လုမမောင်းရ၊၊
        (၃)    မော်တော်ယာဉ်များတွင် အိတ်ဇောပိုက်ဖြုတ်မမောင်းရ၊၊
        (၄)    ယာဉ်နံပါတ်ပြားမပါရှိဘဲ မမောင်းရ၊၊    
        (၅)    ယာဉ်နံပါတ်      အတုများ၊      အခြားယာဉ်နံပါတ်များ 
            တပ်ဆင်ခြင်းလုံးဝမပြုရ၊၊
        (၆)    ယာဉ်၏     ဘေးတံခါးများ၊    နောက်ဖုံးများ    ဖြုတ်၍
            မောင်းနှင်ခြင်းမပြုရ၊၊
        (၇)    ယာဉ်မောင်းလိုင်စင်နှင့်  ယာဉ်မှတ်ပုံတင်  (ဝှီးတက်) 
            မပါဘဲမမောင်းရ၊၊
        (၈)    ဖျက်သိမ်းထားသော    ယာဉ်အို/    ယာဉ်ဟောင်းများ၊ 
            မှတ်ပုံမတင်ရသေးသော ယာဉ်များနှင့် ပြုပြင်ဆဲ ယာဉ် 
            များ မမောင်းရ၊၊
        (၉)    နိုင်ငံတကာအလံများ ယာဉ်တွင်တပ်ဆင်၍ မောင်းနှင် 
            ခြင်းမပြုရ၊၊
        (၁၀)    ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း 
            မည်သည့်မော်တော်ဆိုင်ကယ်မှ    စီးနင်းခြင်းလုံးဝမပြုရ၊၊
        (၁၁)    ဟွန်းသံကင်းမဲ့ဇုန်များအတွင်း ဟွန်းလုံးဝမတီးရ၊၊
        (၁၂)    ပစ်ကပ်ယာဉ်များ   (လိုက်ထရပ်/မီနီပစ်ကပ်)   သည် 
            သတ်မှတ်ထားသည့် ဝန်အလေးချိန် (လူဦးရေ) ထက် 
            ပိုမိုတင်ဆောင်မောင်းနှင်ခြင်းမပြုရ၊၊
(ခ)    ကျူးလွန်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူမည်၊၊
(ဂ)    ယာဉ်မောင်းနှင်သူများအား အရက်သေစာသောက်စားထား ခြင်း ရှိ/မရှိ အရက်မူးတိုင်းကိရိယာ (Alcohol Tester) ဖြင့်  တိုင်းတာစစ်ဆေး၍   ချိုးဖောက်ပါက  ထိရောက်စွာအ‌ရေးယူ ဆောင်ရွက်မည် ဖြစ်ပါသည်၊၊
(ဃ)    သင်္ကြန်ကာလအတွင်း လမ်းလယ်၌ မော်တော်ယာဉ်စက်ပျက်၍ ရပ်ထားပါက ကရိန်းယာဉ်ဖြင့်  ဆွဲယူမည်ဖြစ်ပါသည်၊၊
(င)    ယခုအခါ အချက်အချာကျသော လမ်းဆုံ/ လမ်းခွ မီးပွိုင့်များ တွင်   CCTV   Camera   များ   တပ်ဆင်ထားပြီးဖြစ်သဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်မှုများအား အဆိုပါ ကင်မရာများဖြင့်       ရိုက်ကူးပြီး      ထိရောက်စွာအ‌ရေးယူ ဆောင်ရွက်မည် ဖြစ်ပါသည်၊၊
(စ)    “ သင့်ကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ကာလ အတွင်း ယာဉ်တိုက်မှုမဖြစ်ပါစေနှင့်”
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့