
နေပြည်တော် ဧပြီ ၁၂
မြန်မာနိုင်ငံတစ်ဝန်းတွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပပုံ များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV –HD မှ ရိုက်ကူးတင်ဆက်သွားမည်ဖြစ်ရာ ထိုသို့တင်ဆက်မှုများအနက်မှ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော်ဝန်မဏ္ဍပ်များ ၏ ဖွင့်ပွဲအခမ်းအနားများ အပါအဝင် ဖျော်ဖြေတင်ဆက်မှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သီးသန့် Channel များဖြင့် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်သွားမည် ဖြစ်သည်။
ထိုကဲ့သို့ထုတ်လွှင့်ရာတွင် သင်္ကြန်အကြို နေ့ဖြစ်သော ဧပြီလ ၁၃ ရက်နေ့၌ နေပြည် တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲနှင့် ဖျော်ဖြေတင်ဆက်မှုများကို MRTV Farmer’s Channel မှ ညနေ ၄ နာရီခွဲ တွင် လည်းကောင်း၊ ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲနှင့် ဖျော်ဖြေ တင်ဆက်မှုများကို MRTV Sports Channel မှ နံနက် ၇ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ မန္တလေးမြို့ ရတနာပုံဥယျာဉ်ဖွင့်ပွဲအခမ်း အနားကို နံနက် ၇ နာရီခွဲမှ နံနက် ၁၀ နာရီ အထိ လည်းကောင်း၊ မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲနှင့် ဖျော်ဖြေ တင်ဆက်မှုများကို ညနေ ၄ နာရီတွင် MRTV Hluttaw Channel မှ လည်းကောင်း စတင်ထုတ်လွှင့်သွားမည်ဖြစ်ပြီး သင်္ကြန် အကျနေ့ ဧပြီ ၁၄ ရက်၊ သင်္ကြန်အကြတ် နေ့ ဧပြီ ၁၅ ရက်နှင့် သင်္ကြန် အတက်နေ့ ဧပြီ ၁၆ ရက်နေ့တို့တွင် နေ့စဉ် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီနှင့် မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီ / ည ၉ နာရီခွဲအထိ လည်းကောင်း ထုတ်လွှင့်တင်ဆက်သွားမည် ဖြစ်သည်။
သတင်းစဉ်