
ရန်ကုန် ဒီဇင်ဘာ ၁၄
ကမ္ဘာငြိမ်းချမ်းရေးကို ရည်ရွယ်လျက် အပြည် ပြည်ဆိုင်ရာ Belt & Road အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်အရ မြန်မာ့ရိုးရာ အစားစာ မုန့်ဟင်းခါးကိုအပြည်ပြည်ဆိုင်ရာ Belt & Road အစားအစာအဖြစ် ဂုဏ်ပြုသတ်မှတ် ကြောင်း မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှု အသင်းမှ သိရသည်။
အဆိုပါအပြည်ပြည်ဆိုင်ရာ Belt & Road နေ့သည့် ဒီဇင်ဘာ ၁၆ ရက်တွင်ဖြစ်ပြီး Belt & Road (၁၀) နှစ်ပြည့် ဆုတောင်းပွဲကို မြန်မာ နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွား မည်ဖြစ်ရာ မြန်မာ့ရိုးရာအစားအစာ မုန့်ဟင်းခါး ကို အပြည်ပြည်ဆိုင်ရာ Belt & Road အစား အစာအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။
မြန်မာ့ရိုးရာအစားအစာ မုန့်ဟင်းခါးကို အပြည်ပြည်ဆိုင်ရာ Belt & Road အစားအစာ အဖြစ် သတ်မှတ်ခြင်းဂုဏ်ပြုလွှာကို ဒီဇင်ဘာ ၁၂ ရက်က အပြည်ပြည်ဆိုင်ရာ Belt & Road ဥက္ကဋ္ဌ Mr. CHEN ENTIAN က ရန်ကုန်မြို့ Wyndham Hotel ၌ မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအသင်းအတွင်းရေးမှူး ဦးသန်းထွန်း စိုးထံ ပေးအပ်ပြီး မြန်မာ့မွှေးကြိုင်ကောင်းမွန် သည့် မုန့်ဟင်းခါးကို နိုင်ငံတကာသိအောင် ကြော်ငြာပေးခဲ့သည်။
ထို့အပြင် အပြည်ပြည်ဆိုင်ရာ Belt & Road နေ့တွင် ရန်ကုန်မြို့ရွှေတိဂုံစေတီတော် တွင် ဆီမီးထွန်း၊ ဆွမ်းကပ်၊ တရားနာဆုတောင်း ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)