
ရန်ကုန် စက်တင်ဘာ ၁၄
ကိုဗစ်-၁၉ရောဂါကြောင့် နယ်စပ် ဂိတ်များ ပိတ်ထားခြင်း၊ ရေလမ်း ကြောင်းမှ ကုန်စည်ပို့ဆောင်စရိတ် မြင့်မားလာခြင်းနှင့် စက်သုံးဆီ ဈေးနှုန်း မတည်ငြိမ်ခြင်းတို့ ကြောင့် ပြည်ပသို့ ရေထွက်ကုန် တင်ပို့ရာတွင် အခက်အခဲများရှိနေ သော်လည်း ဆက်လက်တင်ပို့နိုင် ရန် ဌာနဆိုင်ရာနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ကြိုးပမ်း ဆောင်ရွက်နေကြောင်း သိရ သည်။
တရုတ်နိုင်ငံသို့ ပို့ကုန်လုပ်ငန်း ရှင်များက နှစ်စဉ်ရေထွက်ကုန် ပစ္စည်း ၆၅ ရာခိုင်နှုန်း တင်ပို့လျက် ရှိပြီး ယခုနှစ်တွင်လည်း ထိုရာခိုင် နှုန်းကိုပြည့်မီရန် ကြိုးပမ်းလျက် ရှိသည်။ ယမန်နှစ်က မြန်မာပြည်မှ ပြည်ပသို့ ရေထွက်ကုန် ၉၅ ရာခိုင် နှုန်းခန့် တင်ပို့နိုင်ခဲ့၍ ထိုရာခိုင် နှုန်းကို ယခုနှစ်တွင် ပြည့်မီရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ဆောင်ရွက်လျက်ရှိသည်။
“ ရေထွက်ကုန် လုပ်ငန်းရှင် တွေအနေနဲ့ တရုတ်နိုင်ငံကို ရေထွက်ကုန်ပို့တာ ၆၅ ရာခိုင်နှုန်း ရှိတယ်ဆိုတော့ ဖမ်းဆီးရေးမှာ ဆီဈေးမြင့်လာတဲ့အတွက် သူတို့ ဘယ်အထိတောင့်ခံနိုင်မလဲ မသိ ဘူး။ နှစ်လအထိ တောင့်ခံနိုင်မယ် ထင်တယ်။ ပြီးတော့ ပေ ၄၀ ကွန်တိန်နာ တစ်လုံးကို အမေရိကန် ဒေါ်လာ ၁၄၀၀ ကနေ ၅၀၀၀ ကျော်အထိ ပေးရတဲ့ အတွက် ကုန်သွယ်မှုကို ပုံမှန် ပြန်လုပ်နိုင်မယ့် နည်းလမ်းတွေ လိုလာတယ်။ နယ်စပ်ဂိတ်တွေ ဖွင့်လှစ်ခဲ့ရင် ပို့ဆောင်ခသက်သာ ပြီး ကုန်စည်စီးဆင်းမှု မြန်သွားနိုင် မယ်။ အဓိက ကိုဗစ်-၁၉ ရောဂါ ကြောင့် နယ်စပ်ဂိတ်တွေ ပိတ် ထားတာပါ။ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ် မပိတ်တဲ့အတွက် ရေထွက်ကုန်ပို့ဖို့ စီစဉ်နေတာ လည်းရှိတယ်။ ပြည်တွင်းက ပင်လယ်ပြင်မှာ ငါးဖမ်းစက်လှေ တွေ ငါး၊ ပုစွန်ဖမ်းဆီးနေတဲ့ အတွက် ရန်ကုန်မြို့က ဆိပ်ခံတွေ လည်း လုပ်ငန်းခွင်လည်ပတ်နေ တယ်။ အကောင်းဆုံးအခြေအနေ တစ်ခု ရရှိအောင်တော့ ဝိုင်းဝန်း လုပ်ဆောင် နေကြပါတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက် တာ တိုးနန္ဒာတင်က ပြောသည်။
ပြည်ပပို့ကုန် ရေထွက်ကုန် များကို မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တင်ပို့လျက်ရှိပြီးအခြား သော လုပ်ငန်းရှင်များလည်း ပြည်ပဈေးကွက်ရရှိမှုပေါ် မူတည် ၍ ပို့ဆောင်လျက်ရှိရာ တနင်္သာရီ တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ဈေးကွက်ဝင် ငါး၊ ပုစွန်၊ ကဏန်း ပျော့၊ ငါးရှဉ့်အပါအဝင် ရေထွက် ကုန်ပစ္စည်းများကို တင်ပို့လျက် ရှိသည်။
စက်သုံးဆီဈေးနှုန်း မြင့်တက် မှု၊ ရေကြောင်းမှ ပို့ဆောင်စရိတ် ကြီးမြင့်မှုနှင့် နယ်စပ်ဂိတ်များ ပိတ်ထားခြင်းတို့ကြောင့် ပို့ကုန် ကဏ္ဍတွင် အခက်အခဲများရှိလာ သော်လည်း ဈေးကွက်ဝယ်လိုအား ရရှိလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ရေထွက်ကုန်တင်ပို့ရန် စီမံ ဆောင်ရွက်လျက်ရှိပြီး ပုံမှန်တင်ပို့ နေသော ပြည်ပဈေးကွက်သို့ ဆက်လက်တင်ပို့နိုင်ရန် ငါး လုပ်ငန်းဦးစီးဌာန၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် လုပ်ငန်း ရှင်တို့ ပူးပေါင်းဆောင်ရွက်နေ ကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး