မြန်မာပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နေသည့် နိုင်ငံများအား ဆန့်ကျင်ရှုတ်ချပွဲနှင့် ထိုင်းနိုင်ငံနှင့်နယ်စပ်ဒေသများမှ တရားမ၀င်လက်နက်လမ်းကြောင်းများအား ထိန်းချုပ်ပေးရေး နေပြည်တော် လယ်ဝေးမြို့နယ်၌ ဆန္ဒဖော်ထုတ်ပွဲကျင်းပ

 

နေပြည်တော်   မေ   ၂၃ 


မြန်မာပြည်တွင်းရေးကို    ဝင်ရောက်စွက်ဖက်နေသည့် အမေရိကန်နိုင်ငံနှင့်   အပေါင်းပါနိုင်ငံများအား   ဆန့်ကျင် ရှုတ်ချပွဲနှင့်  ထိုင်းနိုင်ငံနှင့်  နယ်စပ်ဒေသများမှ  တရားမဝင် လက်နက်လမ်းကြောင်းများအား   ထိန်းချုပ်ပေးရေး  ဆန္ဒ ဖော်ထုတ်ပွဲကို    ပြည်ထောင်စုနယ်မြေ     နေပြည်တော် လယ်ဝေးမြို့နယ်   အောင်းကုန်းကျေးရွာ   ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ မေ ၂၃ ရက် ညနေပိုင်း က  ကျင်းပရာ  ဒေသခံပြည်သူ  ၄၀၀  ကျော်  တက်ရောက်  ကြောင်း သိရသည်။

 


အဆိုပါ  ဆန္ဒဖော်ထုတ်ပွဲတွင်  တက်ရောက်လာသည့် ဒေသခံပြည်သူများက 2022 Burma Act အလိုမရှိ၊ ငြိမ်းချမ်း ရေးကို ထောက်ခံအားပေးကြ၊ ထိုင်းနိုင်ငံနယ်စပ် တရားမဝင် လက်နက်လမ်းကြောင်းများ  အမြန်ထိန်းချုပ်ပေးဆိုင်းဘုတ် များ ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ကြသည်။

 


အခမ်းအနားတွင်  မြန်မာအင်တာနေရှင်နယ်  သတင်း မီဒီယာအယ်ဒီတာချုပ် ဆရာနောင်တော်လေးက ‘‘အချုပ် အခြာအာဏာနှင့် အမျိုးသားရေးအန္တရာယ်’’  ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုရွှေ ထား (ပြည်)က ‘‘နယ်စပ်ဒေသများမှ တရားမဝင်လက်နက်များ  ဝင်ရောက်နေမှုအား  ထိန်းကျောင်းပေးရေး’’  ခေါင်းစဉ်ဖြင့်  လည်းကောင်း ဟောပြောခဲ့ကြသည်။ 


မြန်မာပြည်သား