မြန်မာ့ပင်လယ်ပြင်အတွင်း စက်ပျက်မျောပါနေသော ကုန်တင်ရေယာဉ်တစ်စင်းအား တပ်မတော် (ရေ)မှ ကူညီကယ်ဆယ်

 

နေပြည်တော်   ဇွန်   ၂၀
ရခိုင်ပြည်နယ်   ကျောက်ဖြူမြို့အနီး   မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် (ရေ) မှ လုံခြုံရေးတပ်ဖွဲ့ ဝင်များသည်  ဇွန် ၁၈ ရက် ညနေ ၄  နာရီခန့်တွင်   ကျောက်ဖြူမြို့ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ မြန်မာ့ပင်လယ်အတွင်း၌ ကုန်တင်ရေယာဉ်တစ်စင်း   စက်ပျက်မျောပါနေကြောင်း    သတင်းအရ သွားရောက်ရှာဖွေရာ   စက်ပျက်၍မျောပါနေသည့်   MV   ရွှေနန်းရှင် အမည်ရှိ ကုန်တင်ရေယာဉ်အား ရေယာဉ်အမှုထမ်း  ၁၇  ဦးနှင့်အတူ တွေ့ရှိခဲ့သဖြင့် ၎င်းကုန်တင်ရေယာဉ်အား တွဲဆွဲ၍ ကျောက်ဖြူမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။           သတင်းစဉ်