မြန်မာနက်က အင်တာနက်မြန်နှုန်းများ ပြောင်းလဲတိုးမြှင့်၍ ဝန်ဆောင်မှုပေး

 

ရန်ကုန်   မတ်   ၁၁

 


အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာနက်က သုံးစွဲသူများအဆင်ပြေစေရန် ၎င်းတို့ ၏    ဝန်ဆောင်မှုများဖြစ်သည့်   မြန်မာနက်ပလပ်စ် လစဉ်သုံးအစီအစဉ်၊ လုပ်ငန်းသုံးအင်တာနက် အစီ အစဉ်၊     လစဉ်သုံးအင်တာနက်     အစီအစဉ်နှင့်နှင့် အဝသုံး     ဖုန်းအင်တာနက်       အစီအစဉ်တို့အတွက် အင်တာနက်မြန်နှုန်းများကို တိုးမြှင့်၍ ဝန်ဆောင်မှု ပေးထားပြီဖြစ်ကြောင်း မတ် ၁ ရက်နှင့် ၂ ရက်က ထုတ်ပြန်ကြေညာထားသည်။

 


မတ် ၁ ရက်ကထုတ်ပြန်သည့် မြန်မာနက်ပလပ်စ် လစဉ်သုံးအစီအစဉ်    မြန်နှုန်းတိုးမြှင့်ခြင်းဆိုင်ရာ ကြေညာချက်တွင်  မြန်မာနက်ပလပ်စ် အင်တာနက် အစီအစဉ်များဖြစ်သော  ကျပ်  ၂၅၀၀၀  တန် အစီ အစဉ်ကို  ယခင်မြန်နှုန်း 17 Mbps မှ 21 Mbps သို့ လည်းကောင်း၊  ကျပ်  ၃၀၀၀၀ တန်  အစီအစဉ်ကို  ယခင်မြန်နှုန်း 20 Mbps မှ 25 Mbps သို့လည်းကောင်း၊ ကျပ် ၃၅၀၀၀ တန် အစီအစဉ်ကို  ယခင်မြန်နှုန်း 25 Mbps မှ 30 Mbps သို့လည်းကောင်း၊ ကျပ် ၄၈၀၀၀ တန် အစီအစဉ်ကို ယခင်မြန်နှုန်း 35 Mbps မှ 40 Mbps သို့လည်းကောင်း၊ ကျပ် ၇၀၀၀၀ တန် အစီ အစဉ်ကို ယခင်မြန်နှုန်း   51 Mbps မှ 58 Mbps သို့ လည်းကောင်း မြန်နှုန်းတိုးမြှင့်ကြောင်း ကြေညာထား သည်။ 

 


လုပ်ငန်းသုံးအင်တာနက်အစီအစဉ်     မြန်နှုန်း တိုးမြှင့်မှုတွင်   ဖိုင်ဘာသီးသန့်လိုင်းအနေဖြင့် ကျပ် ၂၅၀၀၀ တန် အစီအစဉ်တွင် ယခင်မြန်နှုန်း 12 Mbps မှ 15 Mbps သို့လည်းကောင်း၊ ကျပ် ၃၀၀၀၀ တန် အစီအစဉ်တွင်  ယခင်မြန်နှုန်း 14 Mbps မှ 18 Mbps သို့လည်းကောင်း၊ ကျပ် ၃၅၀၀၀ တန် အစီအစဉ်တွင် ယခင်မြန်နှုန်း 16 Mbps မှ 22 Mbps သို့လည်းကောင်း၊ ကျပ် ၄၈၀၀၀ တန်  အစီအစဉ်တွင်  ယခင်မြန်နှုန်း 26 Mbps မှ  31.5 Mbps သို့လည်းကောင်း၊ ဖိုင်ဘာ + ကြိုးမဲ့ အနေဖြင့် ကျပ် ၇၀၀၀၀ တန်အစီအစဉ်တွင် ယခင်မြန်နှုန်း 38 Mbps မှ 45 Mbps သို့လည်းကောင်း၊ ကျပ် ၉၀၀၀၀ တန်အစီအစဉ်တွင် ယခင်မြန်နှုန်း  54 Mbps မှ 60 Mbps သို့လည်းကောင်း တိုးမြှင့်ကြောင်း ကြေညာထားသည်။

 


မတ်    ၂   ရက်က   ထုတ်ပြန်သည့်   မြန်မာနက် လစဉ်သုံးအစီအစဉ်    မြန်နှုန်းတိုးမြှင့်ခြင်းဆိုင်ရာ ကြေညာချက်တွင် မြန်မာနက် လစဉ်သုံးအင်တာနက် အစီအစဉ်များမှ ကျပ် ၉၅၀၀ တန် အစီအစဉ်တွင်  ယခင်မြန်နှုန်း  3 Mbps မှ 3.5 Mbps၊ ကျပ် ၁၁၀၀၀ တန် အစီအစဉ်တွင် ယခင်မြန်နှုန်း 4.5 Mbps မှ 5 Mbps၊ ကျပ် ၁၃၀၀၀ တန် အစီအစဉ်တွင်  ယခင် မြန်နှုန်း 6  Mbps မှ 6.5 Mbps၊  ကျပ် ၁၈၀၀၀ တန် အစီအစဉ်တွင်  ယခင်မြန်နှုန်း 10Mbps မှ 11 Mbps ၊ ကျပ် ၂၂၀၀၀ တန်  အစီအစဉ်တွင်  ယခင်မြန်နှုန်း 14 Mbps မှ 15 Mbps သို့ တိုးမြှင့်ကြောင်း ကြေညာ ထားသည်။

 


မြန်မာနက်    အဝသုံး   ဖုန်းအင်တာနက် Pack များ၏     အင်တာနက်မြန်နှုန်းများကိုလည်း     ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးထားရာ ကျပ် ၂၀၀ pack တွင်   ယခင်မြန်နှုန်း 1.5 Mbps မှ 1.7 Mbps ၊ ကျပ် ၅၀၀ pack တွင်  ယခင်မြန်နှုန်း  1.5 Mbps မှ 1.7 Mbps ၊ ကျပ် ၁၀၀၀ pack တွင်  ယခင်မြန်နှုန်း 1.6 Mbps မှ 2 Mbps၊ ကျပ် ၂၀၀၀  pack  တွင်   ယခင် မြန်နှုန်း 1.6 Mbps မှ 2 Mbps ၊ ကျပ် ၅၀၀၀ pack တွင်  ယခင်မြန်နှုန်း 2 Mbps မှ 2.5 Mbps သို့ တိုးမြှင့် ထားကြောင်း သိရသည်။ 

 


ပြည်ထောင်စု၏     အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ      မြန်မာနက်အနေဖြင့်    အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း    ကုန်သွယ်ခွန် များကို တိုးမြှင့်ကောက်ခံရန်လိုအပ်သဖြင့် မြန်မာ နက်က    ဝန်ဆောင်မှုပေးနေသည့်    လစဉ်သုံးနှင့် လုပ်ငန်းသုံး အင်တာနက်ဈေးနှုန်းအချို့ကို ဇန်နဝါရီ ၈  ရက်က  စတင်တိုးမြှင့်သတ်မှတ်ခဲ့ပြီး  အဝသုံး ဖုန်းအင်တာနက်  ဈေးနှုန်းများကိုမူ  ပြောင်းလဲခြင်း မရှိခဲ့ပေ။  

 


ယခုအခါ သုံးစွဲသူများ အဆင်ပြေစေရန်အတွက် အင်တာနက်မြန်နှုန်းများကို ပြောင်းလဲတိုးမြှင့်ပေး ခြင်းဖြစ်ကြောင်း   မြန်မာနက်၏ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားချက်အရ သိရသည်။ 


ကိုစိုး