
နေပြည်တော် မတ် ၁၈
၂၀၂၁-၂၀၂၂ Mini-Budget အတွင်း တောရိုင်းတိရစ္ဆာန် များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင် ခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက တောရိုင်းတိရစ္ဆာန်များ အတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်သည် မြန်မာနိုင်ငံ၏ သဘာဝ ထိန်းသိမ်းရေးနယ်မြေများအတွင်း၌ရှိသည့် ဇီဝ မျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ် ခြင်းနှင့် စီမံအုပ်ချုပ်မှုအဆင့်မြှင့်တင်ခြင်းအတွက် အဓိကကျသည့် မဟာဗျူဟာမြောက်လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း၊ နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်ကို အခြေခံ ရေးဆွဲထားခြင်းဖြစ်သည့်အတွက် ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာကွန်ဗင်းရှင်းမှ ချမှတ်ထားသည့် လုပ်ငန်းစဉ် များနှင့် နိုင်ငံတကာသဘောတူညီချက်များကို ဖြည့်ဆည်းဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ရပ် လည်းဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိ သဘာဝ ထိန်းသိမ်းရေးနယ်မြေ ၅၇ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်း သတ်မှတ်ဖွဲ့စည်းထားပြီး ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက် လျက်ရှိကြောင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ရှိ သဘာဝအမွေအနှစ်များ ရေရှည်တည်တံ့စေရန် အတွက် ရှိရင်းစွဲသဘာဝအနေအထားများကို ထိန်းသိမ်းခြင်းနှင့် ပျက်စီးယုတ်လျော့သွားသော သဘာဝအနေအထားများကို ပြန်လည်ကုစားခြင်း လုပ်ငန်းစဉ် နှစ်ရပ်ဖြင့် အလေးထားအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ အလေးထားဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတကာနှင့် ဒေသတွင်းအရေးပါသော နေရာများဖြစ်သည့် လူသားနှင့် ဇီဝအဝန်းနယ်မြေ၊ ရမ်ဆာရေဝပ်ဒေသ၊ အာဆီယံအမွေအနှစ်ဥယျာဉ်၊ အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာ လမ်းကြောင်းကွန်ရက် နယ်မြေများအဖြစ် နိုင်ငံတကာ၏ သတ်မှတ်ခြင်း ခံခဲ့ရကြောင်း။
တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်သည် အရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်၍ လုပ်ငန်း ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြင်ဆင်၍ အောင်မြင်အောင် ဆောင်ရွက် ရန်နှင့် ရန်ပုံငွေသုံးစွဲရာတွင်လည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင် ရွက်ရန် လိုကြောင်း ပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြ ချက်များပေါ် တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဥယျာဉ်/ဘေးမဲ့ တောများမှ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်