မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

 

ရက်စွဲ။ ၂၈-၇-၂၀၂၁

၁။    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အောက်ပါရည်ရွယ်ချက် များဖြင့် ဆောင်ရွက်လျက်ရှိပါသည် - 
    (က)    မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ရောဂါ ကြောင့် သေဆုံးမှုကို လျှော့ချရန်၊
    (    ခ    )    ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊
    (    ဂ    )    ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့်   နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန်။ 
၂။    ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် (၂၇-၁-၂၀၂၁) ရက်နေ့မှ (၂၁-၇-၂၀၂၁)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ရာ ကျန်းမာ ရေးဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းအများစုကို အကြိမ်ပြည့် ထိုးနှံပြီး ဖြစ်ပါသည်။ ကာကွယ်ဆေးများထိုးနှံရာတွင်   ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ ရေးဆွဲထားသည့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစီမံချက် Myanmar National Vaccine Deployment Plan အရ ဦးတည်အုပ်စုများကို သတ်မှတ်၍ ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးခြင်းဖြစ်ပါသည်။
၃။    ဆက်လက်၍    ကိုဗစ်-၁၉  ကာကွယ်ဆေးကို    ထိုးနှံရာတွင် အထက်ဖော်ပြပါရည်ရွယ်ချက်များရရှိစေရေး ဆေးရရှိပေါ်မူတည်၍ အောက်ပါ ဦးတည်အုပ်စုများကို ဦးစားပေးအစီအစဉ်အလိုက် အမြန် ဆုံးထိုးနှံပေးသွားမည် ဖြစ်ပါသည် -
    (က)    အသက် (၆၅)နှစ်နှင့်အထက် မိဘပြည်သူများ၊
    (    ခ    )        ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊   ကုသခြင်းလုပ်ငန်း များတွင် ရှေ့တန်းမှ   တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာရေးဝန်ထမ်း များနှင့် ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊
    (    ဂ    )    ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော ကာကွယ်ဆေးမထိုးရသေးသည့် စေတနာ့ဝန်ထမ်းများ၊
    (ဃ)    ဘိုးဘွားရိပ်သာများရှိ ဘိုးဘွားမိဘပြည်သူများ၊
    (    င    )    သာသနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးနှင့် သီလရှင်များ၊
    (    စ    )    ကာကွယ်ဆေးမထိုးရသေးသော နိုင်ငံ့ဝန်ထမ်းများ၊
    (ဆ)    ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊
    (    ဇ    )    ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊


    (    ဈ    )        ဟိုတယ်/မိုတယ်/တည်းခိုခန်းများမှ ဝန်ထမ်းများ၊
    (ည)    အကျဉ်းထောင်များရှိ အကျဉ်းသားများနှင့် အချုပ်သား များ၊
    (    ဋ    )    ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ပုဂ္ဂိုလ်များ (ကုန်းကြောင်း၊ လေကြောင်း၊     ရေကြောင်း)၊
    (    ဌ    )    စူပါမားကတ်များ/ဈေးများမှ ဝန်ထမ်းများ၊ ကျန်ဦးတည် အုပ်စုများကိုလည်း ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ အမြန်ဆုံးဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ပါသည်။
၄။    လတ်တလောအနေဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမည့် သူများမှာ-
    (က)    COVIDSHIELD အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတစ်မျိုးမျိုးကို (၂)ကြိမ်အပြည့် ထိုးနှံပြီးသူများ၊
    (    ခ    )    လက်ရှိ ကိုဗစ်-၁၉ သံသယလက္ခဏာရှိသူများနှင့် အဖျား ရောဂါရှိသူများ၊
    (    ဂ    )    ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများအနေဖြင့် ဓာတ်ခွဲ စစ်ဆေးအတည်ပြုသည့်နေ့မှစတင်၍  ကာကွယ်ဆေး ထိုးမည့်အချိန်အထိ (၆)လတာကာလ  မပြည့်မီသူများ ဖြစ်ပါသည်။
၅။    ကာကွယ်ဆေးများရရှိမှုနှင့် ထိုးနှံရန်အစီအစဉ်အနေဖြင့် (၂၀၂၁)ခုနှစ်၊ ဇူလိုင်လတွင် ကာကွယ်ဆေး doses (၃)သန်း ရောက်ရှိပြီး ဖြစ်ပါ သည်။ (၂၀၂၁)ခုနှစ်၊ ဩဂုတ်လအတွင်း နောက်ထပ်   ကာကွယ်ဆေး doses (၃)သန်း ထပ်မံရောက်ရှိမည်ဖြစ်ပါသည်။ ရောက်ရှိပြီး ကာကွယ် ဆေးများကို အမြန်ဆုံးထိုးနှံပေးမည် ဖြစ်ပါသည်။
၆။    ယခုရောက်ရှိသောကာကွယ်ဆေးများသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အသိအမှတ်ပြုထားသည့် အာနိသင်ထက်မြက်ပြီး   ဘေးကင်း လုံခြုံစိတ်ချကာ အရည်အသွေးကောင်းမွန်သည့်ဆေးများ ဖြစ်ပါသည်။ 
၇။    ယခုထိုးနှံပေးမည့်ကာကွယ်ဆေးများကို   လူတိုင်းစနစ်တကျ အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်းဖြင့် ပြည်သူလူထုအတွင်းတွင် ကာကွယ် ဆေးထိုးလွှမ်းခြုံမှုများ အားကောင်းလာသည်နှင့်အတူ အောက်ဖော် ပြပါအကျိုးကျေးဇူးများအပြင် အခြားမြောက်မြားစွာသော  အကျိုး ကျေးဇူးများကို ရရှိခံစားရမည် ဖြစ်ပါသည်-
    (က)    ပြည်သူများအကြားတွင်   ရောဂါကူးစက်မှုကွင်းဆက် ပြတ်တောက်လျော့ကျစေနိုင်ခြင်း၊ ရောဂါကြောင့် ဆေးရုံ တက်ရောက်ရမှုများ၊ ရောဂါပြင်းထန်စွာ ဖြစ်ပွားခံစား ရ၍ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရမှုများနှင့် ရောဂါ ကြောင့် သေဆုံးမှုများကို အလွန်ထိရောက်စွာ ကာကွယ် လျှော့ချနိုင်ခြင်း၊
    (    ခ    )        ပြည်သူလူထုအတွင်း ရောဂါကူးစက်ဖြစ်ပွားသူ‌ နည်းပါး လာပါက ကုသရေးအပိုင်းတွင် ဆေးရုံခုတင် လိုအပ်ချက်၊ အောက်ဆီဂျင်လိုအပ်ချက်၊     ကျန်းမာရေးဝန်ထမ်းများ တွင် အလုပ်တာဝန်များပြား၍ တာဝန်ပိခြင်းစသည်တို့ကို ထိရောက်စွာလျှော့ချနိုင်မည်ဖြစ်ပြီး အရည်အသွေးပြည့်ဝ သော ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုပေးအပ် နိုင်ခြင်း၊ အချိန်တိုအတွင်း ရောဂါထိန်းချုပ်ရေးလုပ်ငန်း များ ဆောင်ရွက်အောင်မြင်စေခြင်း။
၈။    မိဘပြည်သူများအနေဖြင့်   ကာကွယ်ဆေးနှင့်ပတ်သက်သည့် သတင်းအမှားများနှင့် ကောလာဟလသတင်းများကို မယုံကြည်ကြပါ ရန်နှင့် မိမိအတွက်ရရှိသော ကာကွယ်ဆေးသည်    မိမိကိုယ်တိုင်နှင့် မိသားစုအသိုင်းအဝန်းအတွက် အကောင်းဆုံးဖြစ်ပါ၍     ကာကွယ် ဆေးထိုးလုပ်ငန်းများတွင် စနစ်တကျ ပါဝင်ပူးပေါင်းဆောင်ရွက်ကြ ပါရန် ဖြစ်ပါသည်။ 
၉။    ကာကွယ်ဆေးထိုးလုပ်ငန်းများတွင်        လိုအပ်လျက်ရှိသော လူစွမ်းအားအရင်းမြစ်များကို ဖြည့်ဆည်းပေးနိုင်ရန်၊ အချိန်တိုအတွင်း ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစွာရရှိစေရန်တို့အတွက် အငြိမ်းစား ဆေးပညာရှင်များ၊ ဆေးဝန်ထမ်းများ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း များ၊ ဆေးနှင့်ဆေးပညာနှီးနွှယ် တက္ကသိုလ်များတွင်  တက်ရောက် နေသော ကျောင်းသား/ကျောင်းသူများ၊ သူနာပြု/သားဖွားသင်တန်း ကျောင်းတက်ရောက်နေသူများနှင့် အငြိမ်းစားတပ်မတော်ဆေးဝန်ထမ်း များမှလည်း တစ်တပ်တစ်အား ပူးပေါင်းပါဝင်ပေးကြပါရန်  တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန