မြန်မာနိုင်ငံတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်း၍ အလုပ်သမားရေးရာကိစ္စရပ်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို အလေးထားဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ အလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ
 

၂၀၂၂   ခုနှစ်၊   မေလ  ၁  ရက်

 

ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-


ယနေ့ အခါသမယသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားကြီးများကို အလေးအနက်ဂုဏ်ပြုသည့် အလုပ်သမားနေ့ အခါသမယဖြစ်ပါသည်။   ယခုလိုသမိုင်းဝင်    အခါသမယတွင် မြန်မာနိုင်ငံရှိ အလုပ်သမားထုကြီးတစ်ရပ်လုံး မြန်မာ့နှစ်သစ်နှင့်အတူ စိတ်၏ချမ်းသာခြင်း၊   ကိုယ်၏ကျန်းမာခြင်းများနှင့်    ပြည့်စုံပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

 


သမိုင်းမှတ်တမ်းများအရ ၁၉ ရာစုတွင်  စက်ရုံ  အလုပ်ရုံများ၌ အလုပ်သမားများသည်   သတ်မှတ်အချိန်ထက်   ပိုမိုစေခိုင်းခံရပြီး လုပ်အားရယူ    အမြတ်ထုတ်ခံရမှုများအပေါ်   အလုပ်သမားများက ၎င်းတို့၏ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိရေးအတွက် ကြိုးစား အားထုတ်မှုကို   အသိအမှတ်ပြုသောအားဖြင့် မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပခဲ့ပါသည်။

 


 နိုင်ငံတော်အစိုးရအနေဖြင့်   တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို  အမျိုးသားရေး   လုပ်ငန်းစဉ်များအဖြစ် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေချိန်တွင် ကာယ၊ ဉာဏစွမ်းအားဖြင့် ကုန်ထုတ်လုပ်မှုနှင့်   စီးပွားရေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် အားသွန်ခွန်စိုက်    ပါဝင်ထမ်းဆောင်လျက်ရှိသော   နိုင်ငံတော်၏ အရေးပါသည့် အင်အားစုကြီးဖြစ်သည့် အလုပ်သမားကြီးများအား အလေးထား အသိအမှတ်ပြုသည့်အနေဖြင့် ဤသဝဏ်လွှာကို ယနေ့ ကျရောက်သည့်  အလုပ်သမားနေ့တွင် ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါ သည်။                  

 


ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် စီးပွားရေးဦးတည်ချက်  (၃)  ရပ်တွင်   တစ်ရပ်အပါအဝင်ဖြစ်သည့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ  ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဟူသည့် ဦးတည်ချက်အရ ကုန်ထုတ်လုပ်မှု တိုးတက်၍ နိုင်ငံတော်၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေရန်သာမက အလုပ်သမားများ အလုပ်အကိုင် ရရှိရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာ ရေးနှင့်   အစိုးရ၊   အလုပ်ရှင်၊  အလုပ်သမား   သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှုဖြင့်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း အလေး ထား   ဖော်ဆောင်ပေးလျက်ရှိပါသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်    ပြည်သူတစ်ဦးချင်းစီ၏    စားဝတ်နေရေးပြည့်စုံ ကောင်းမွန်ပြီး အေးချမ်းစွာ နေထိုင်နိုင်ရန်၊ နိုင်ငံတော်၏စီးပွားရေး    တိုးတက်လာစေရန်၊  တစ်နိုင်ငံလုံး  ထာဝရငြိမ်းချမ်းရေးရရှိစေရန်၊  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ထိခိုက် ကျဆင်းခဲ့သည့်  စီးပွားရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ဦးမော့ လာစေရန်တို့အတွက်    ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့    ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိရာ    နိုင်ငံတော်၏    ကုန်ထုတ်စွမ်းအားစု ဖန်တီးရှင်များဖြစ်ကြသည့် အလုပ်သမားကြီးများ၏ အခန်းကဏ္ဍသည် အထူးအရေးပါလှပါကြောင်း အသိပေးဖော်ပြလိုပါသည်။ ပြည်သူ လူထု၏  စားဝတ်နေမှုဖူလုံစေရေးကို  အလေးထား  ဦးစားပေး ဆောင်ရွက်လျက်ရှိရာ   နိုင်ငံတော်ကုန်ထုတ်စွမ်းအားစု၏   ဖန်တီး ရှင်များဖြစ်ကြသည့်   အလုပ်သမားထုကြီး၏   အခန်းကဏ္ဍသည်  အထူးအရေးပါလှပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

 


ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-


ယနေ့ကာလသည်   ကိုဗစ်-၁၉  ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်ကျဆင်းခြင်းနှင့်အတူ    အလုပ်အကိုင်   အခွင့်အလမ်းများ မတည်ငြိမ်မှု၊ အလုပ်သမားဦးရေလျှော့ချမှုတို့ကို  ကမ္ဘာတစ်ဝန်းလုံး ရင်ဆိုင်ကြုံတွေ့နေရသည်ဖြစ်ရာ  မြန်မာနိုင်ငံတွင်လည်း   အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ညှိနှိုင်း၍ အလုပ်သမားရေးရာ ကိစ္စရပ်များနှင့်   ကြုံတွေ့နေရသည့်  အခက်အခဲပြဿနာများကို အလေးထားဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

 


နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို   အထောက် အကူပြုမည့် ကာလတိုအတွင်း အလုပ်အကိုင်များကို  ဖန်တီးပေးနိုင် သော ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားစနစ် (Cutting Making Packaging-CMP) လက်ခစားလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ  ကုမ္ပဏီများမှ   ဝင်ရောက်ရင်းနှီးမြှုပ်နှံ  လုပ်ကိုင်လျက်ရှိပြီး CMP  လက်ခစား စနစ်ကြောင့် လုပ်သားအခြေပြု အလုပ်အကိုင်အခွင့်အလမ်း  များ ဖန်တီးနိုင်ခြင်း၊ အရင်းအနှီးနည်းပါးစွာဖြင့် နိုင်ငံတော်အတွက်  နိုင်ငံခြားငွေ ရှာဖွေပေးနိုင်ခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေး  နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေပါသည်။ 

 


ထို့အပြင် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန်၊   ပြည်တွင်း  ပြည်ပရင်းနှီးမြှုပ်နှံမှုများ   ပိုမို ဝင်ရောက်လာစေပြီး နည်းပညာ၊ ဈေးကွက်နှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိနိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့များ ရရှိနိုင်ရန် တို့အတွက်  နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ယင်းလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာခြင်းမှတစ်ဆင့် စက်မှုလုပ်ငန်း နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာပြီး အလုပ်အကိုင်အခွင့် အလမ်းများ   ပိုမိုရရှိအောင်  ဆောင်ရွက်ပေးလျက်ရှိပါသည်။

 


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ  မြန်မာနိုင်ငံသား  ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတို့တွင် စက်မှု လုပ်ငန်း၊   ဝန်ဆောင်မှုလုပ်ငန်း၊  ဟိုတယ်နှင့်  ခရီးသွားလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အား လုပ်ငန်းတို့၌ အများဆုံးရင်းနှီးမြှုပ်နှံလျက်ရှိပြီး ယင်းလုပ်ငန်းများမှလည်း အလုပ်အကိုင်အခွင့်အလမ်းများ များစွာ ဖန်တီးပေးနိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

 


ချစ်ကြည်လေးစား အပ်ပါသော အလုပ်သမားကြီးများခင်ဗျား-


လုပ်သားဆိုင်ရာ စာရင်းအင်းအချက်အလက်များကို ရရှိနိုင်စေရန်၊ အလုပ်သမားရေးရာသုတေသနနှင့်   လုပ်သားဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းပြုစုရေး ရည်မှန်းချက်နှင့်အညီ လုပ်သား စာရင်းအင်း (Labour Statistics)များ ရရှိနိုင်စေရန်အတွက် ၂၀၁၇ ခုနှစ် မှစ၍ လုပ်သားအင်အား စစ်တမ်းကို တစ်နှစ်လျှင် နှစ်ကြိမ် မြေပြင်ကွင်းဆင်းကောက်ယူခဲ့ရာ  ၂၀၂၀ ပြည့်နှစ်၊  နှစ်စဉ်လုပ်သား အင်အားစစ်တမ်း (ပထမအကြိမ်)အစီရင်ခံစာကို ပြုစုထုတ်ပြန်နိုင်ခဲ့ ပြီးဖြစ်ပါသည်။
ယင်းစစ်တမ်းများအရ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် အလုပ်လုပ်နိုင်သည့် လူဦးရေအများဆုံးနိုင်ငံ၌  ပါဝင်ကြောင်း တွေ့ရှိရ ပြီး   အလုပ်လုပ်နိုင်သူလူဦးရေ  ပေါများခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ ကြွယ်ဝချမ်းသာရေးတို့အတွက် လူ့စွမ်းအားအရင်းအမြစ် အခြေခံကောင်းရှိနေသည်ကိုလည်း တွေ့ရှိရပါသည်။ 

 


မိမိတို့နိုင်ငံကဲ့သို့ လုပ်သားအင်အားပေါများသည့် နိုင်ငံအနေဖြင့် နိုင်ငံတော်   ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌  နိုင်ငံသားများ၏ စိတ်ဓာတ်၊ ယုံကြည်ချက်၊ ခံယူချက်နှင့်   အတွေးအခေါ်ကောင်းမွန် မှန်ကန်ရေး၊ အလုပ်ကိုတန်ဖိုးထားစိတ်ရှိရေး၊ အသက်မွေးဝမ်းကျောင်း နှင့် စွန့်ဦး တီထွင်မှုဆိုင်ရာ အသိပညာအတတ်ပညာများ အဆင့်မီမီ တတ်မြောက်နိုင်ရေးစသည့်   စိတ်ပိုင်းဆိုင်ရာနှင့်   ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များ ပြည့်ဝစေရန် နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား တို့က ပူးပေါင်းညီညာ ဆောင်ရွက်ရမည့် အချိန်အခါဖြစ်ပါသည်။

 


ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-


မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြည်ပနိုင်ငံများသို့ လုံခြုံ စိတ်ချစွာ    ရွှေ့ပြောင်းသွားလာလုပ်ကိုင်နိုင်ရန်နှင့်   ကာကွယ် စောင့်ရှောက်မှုများ ထိရောက်စွာပေးနိုင်ရန် ထိုင်းနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့နှင့် နည်းပညာအလုပ်သင် သင်တန်းသား ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာနှင့် ကျွမ်းကျင်လုပ်သား ဆိုင်ရာ    ပူးပေါင်းဆောင်ရွက်မှု   စာချွန်လွှာများ    လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိပါသည်။

 


ထို့ပြင်  ပြည်ပနိုင်ငံများရှိ   မြန်မာအလုပ်သမားများကိုလည်း သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များ ရရှိခံစားနိုင်စေရန် အတွက် မြန်မာနိုင်ငံသား၊ အလုပ်သမားအရေအတွက် များပြားသည့် ကိုရီးယား သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် အလုပ် သမားအရာရှိများ ခန့်အပ်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ်စောင့်ရှောက် ပေးလျက်ရှိပါသည်။

 


နိုင်ငံတော်အစိုးရသည် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိ သည်”ဆိုသည့် စကားနှင့်အညီ ပြည်တွင်းအားဖြင့် ပြည်တွင်းစီးပွားရေး တိုးတက်မြှင့်တင်နိုင်ရန် ရည်မှန်းချက်ထား၍ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ရာ    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့်   အခန်းကဏ္ဍမှပါဝင်သော  အလုပ်သမားကြီးများ၏ အင်အား၊ ကျွမ်းကျင်မှုနှင့် ပူးပေါင်းပါဝင်မှုသည် များစွာအရေးကြီးပါ သည်။

 


ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား- 


နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားဖြစ်သည့် အလုပ်သမား များ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမို ခံစားရရှိနိုင်အောင် နိုင်ငံတစ်ဝန်းရှိ အာမခံအလုပ်သမားများအား အလုပ်သမားဆေးရုံကြီး (၃)  ရုံနှင့်   လူမှုဖူလုံရေး ဆေးခန်းများတွင်   ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့်    ငွေကြေးအကျိုးခံစားခွင့်များ   ခွင့်ပြုထုတ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

 


ကိုဗစ်-၁၉  ကပ်ရောဂါကာလအတွင်း စက်ရုံ၊ အလုပ်ရုံများမှ အာမခံ အလုပ်သမားများအတွက် လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးသွင်း သည့် ကာလကို ပြင်ဆင်ခြင်း၊ အလုပ်လက်မဲ့ဖြစ်ပွား နေစဉ်အတွင်း မကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့်၊ ဆေးဖိုးနှင့် ခရီးစရိတ်များကို ကာလတိုးမြှင့် ခံစားခွင့်ပြုခြင်း၊ ကိုယ်ဝန်ဆောင် အာမခံအလုပ်သမား များနှင့် Quarantine ဝင်ရသည့် အာမခံအလုပ်သမားများကို ငွေကြေး အကျိုးခံစားခွင့်  ခွင့်ပြုထုတ်ပေးခြင်းတို့ဖြင့် အလုပ်သမားအကျိုးကို ရှေးရှုဆောင်ရွက်ပေးလျက်ရှိပါသည်။

 


နိုင်ငံအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်ငန်းခွင်များမှ အလုပ် ရှင်များနှင့် အလုပ်သမားများအား ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကုန်ထုတ်လုပ်မှု အရှိန်အဟုန် မပြတ်စေရန် ရည်ရွယ်၍ စက်ရုံ၊ အလုပ်ရုံ အများဆုံးရှိသည့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အလုပ်သမားများကို ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကျန်တိုင်းဒေသ ကြီး/   ပြည်နယ်များတွင်  ဆက်လက်၍  ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။

 


ချစ်ကြည်လေးစားအပ်ပါသော အလုပ်သမားကြီးများခင်ဗျား-


မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်ခြင်းကြောင့် မိသားစု စားဝတ်နေရေးကို အထောက်အကူပြုမည့် လုပ်ငန်းများတွင် လုပ်ကိုင် လျက်ရှိသော အသက်   (၁၈) နှစ်အောက်  ကလေးများလည်း  အလုပ် လုပ်ကိုင်နိုင်ရန်  ရည်ရွယ်ပြီး အသက်(၁၈)နှစ်အောက် ကလေး များအတွက် တားမြစ်ထားသည့် ဘေးအန္တရာယ်ဖြစ်စေသော လုပ်ငန်း အမျိုးအစားများနှင့် လုပ်ငန်းခွင်များစာရင်း အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ 

 


စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများ ပုံမှန်လည်ပတ်လုပ်ကိုင် နိုင်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင် ရေး၊    အလုပ်အကိုင်  အခွင့်အလမ်းများရရှိစေရေး၊  အလုပ်သမား၊ အလုပ်ရှင်များ ဝင်ငွေရရှိပြီး နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိစေရေး တို့အတွက်   သက်ဆိုင်ရာဝန်ကြီးဌာနများပါဝင်သော   အဖွဲ့သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ  ညွှန်ကြားချက် များနှင့်အညီ    လုပ်ကိုင်ဆောင်ရွက်စေရေးကို    ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။      

 


လုပ်ငန်းခွင်အေးချမ်းသာယာစေရေးနှင့်     ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက်    လုပ်ငန်းခွင်ဆိုင်ရာ   အငြင်းပွားမှုများ လျော့နည်းစေရေးသည် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ခြင်းကြောင့် လုပ်ငန်းများတွင်    ဖြစ်ပွားသော   အငြင်းပွားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက်    အလုပ်ရှင်နှင့်   အလုပ်သမား ကိုယ်စားလှယ်များပါဝင်သော အလုပ်သမား ရေးရာလုပ်ငန်းညှိနှိုင်း ရေးကော်မတီ ( WCC ) များ၊ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သော မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များ၊ တိုင်းဒေသကြီး / ပြည်နယ်ခုံသမာဓိအဖွဲ့များနှင့် ခုံသမာဓိကောင်စီ တို့ကို     ဖွဲ့စည်းထားရှိပြီး    အငြင်းပွားမှုများကို    မျှမျှတတနှင့် သမာသမတ် ဖြင့်       နှစ်ဦးနှစ်ဖက်    အကျိုးဖြစ်စေရေး     ဆောင်ရွက် လျက်ရှိပါသည်။

 


နိဂုံးချုပ်အနေဖြင့်   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်    ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်နေကြသည့် မြန်မာအလုပ်သမားထုကြီးတစ်ရပ်လုံး လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက် ကြပါစေ၊ လုပ်ငန်းခွင်တွင် ဘေးကင်းလုံခြုံကြပြီး အေးချမ်းသာယာ ကြပါစေ၊ အလုပ်ရှင်၊ အလုပ်သမားများ ညီညွတ်မျှတသော စုပေါင်း စွမ်းအားဖြင့်      ကုန်ထုတ်စွမ်းအား      တိုးတက်မြင့်မားအောင် စွမ်းဆောင်နိုင်ကြပါစေ၊  နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အမျိုးသား အကျိုးစီးပွားကို ထိရောက်စွာ အထောက်အကူပြုနိုင်ကြပြီး နိုင်ငံတော် ၏  ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်စေရေး      ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

 

            ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
                  နိုင်ငံတော်ဝန်ကြီးချုပ် 
             ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ