မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း ဥရောပ-အာရှ စီးပွားရေးကော်မရှင်အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော်   မတ်  ၂၅


မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်း သော်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်း ဆွေနှင့်   တာဝန်ရှိသူများသည် ယနေ့   နံနက်ပိုင်းက   ဥရောပ-အာရှ   စီးပွားရေးကော်မရှင်အဖွဲ့ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒါရိုက်တာအဖွဲ့   အစည်းအဝေး ခန်းမ၌      လက်ခံ      တွေ့ဆုံ   သည်။

 


တွေ့ဆုံစဉ်   မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင် အဖွဲ့ဝင်နိုင်ငံများအကြား   ဘဏ် လုပ်ငန်းနှင့်       ငွေရေးကြေးရေး ပူးပေါင်း  ဆောင်ရွက်ခြင်းဆိုင်ရာ  ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကျိုး တူ ပူးပေါင်းဆောင်ရွက်သွားရန် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေး ကြသည်။

သတင်းစဉ်