မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းဖြင့် ဒေါ်လာငွေရောင်းချမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ရန်ကုန်   မတ်   ၁၂


ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များ     မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ  စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန        ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်    (UMFCCI) သုံးလွှာ     အစည်းအဝေးခန်းမ၌   Zoom Meeting ဖြင့် ကျင်းပသည့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်    ရည်ညွှန်း ငွေလဲနှုန်းဖြင့် ဒေါ်လာငွေရောင်းချ မှုလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။


အခမ်းအနားသို့     ရန်ကုန်  တိုင်းဒေသကြီး         စီးပွားရေးရာ ဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေး လုပ်ငန်းကော်မတီ   အတွင်း ရေးမှူး၊   စားသုံးသူရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၊ ရေနံ ထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့်  ဌာနဆိုင်ရာ  တာဝန်ရှိ သူများ၊     ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ   ကုန်သည်များနှင့် စက်မှုလက်မှု    လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၊ မြန်မာ နိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းနှင့် စက်သုံးဆီ လုပ်ငန်းရှင်များ တက်ရောက်ကြ ပြီး   ကုန်သွယ်မှုနှင့်   ကုန်စည် စီးဆင်းမှုများ   မှန်ကန်မြန်ဆန် စေရေးဗဟိုကော်မတီ    တွဲဖက် အတွင်းရေးမှူး    ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ အကောက်ခွန်ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်စာရင်းဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်း အခွန်များဦးစီးဌာနနှင့် စက်သုံးဆီ လုပ်ငန်းရှင်များက          ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်    တက်ရောက် ကြသည်။


ရှေးဦးစွာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ   ဒုတိယဝန်ကြီး   ဦးညွန့် အောင်က  အမှာစကား  ပြောကြား ပြီး    ကုန်သွယ်မှုနှင့်     ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေး ဗဟိုကော်မတီ တွဲဖက်အတွင်း ရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး    စီးပွား ရေးရာဝန်ကြီးနှင့်       တာဝန်ရှိသူ များက   မြန်မာနိုင်ငံတော်    ဗဟို ဘဏ်  ရည်ညွှန်းငွေလဲနှုန်းဖြင့် ဒေါ်လာငွေ  ရောင်းချပေးနိုင်ရေး၊  စက်သုံးဆီဈေးနှုန်း တည်ငြိမ်စေ ရေး ဆောင်ရွက်သွားမည့်  နည်း လမ်းများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။


ထို့နောက် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ရှင်းလင်း ဆွေးနွေးခဲ့မှုများအပေါ်    လိုအပ် သည်များ         ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်