မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၏ နေ့စဉ်ဆောင်ရွက်ချက်များကို စိစစ်ကြပ်မတ်လျက်ရှိ

 

နေပြည်တော်  ဇန်နဝါရီ  ၁၃    

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည်    May Bank , Yangon Branch မှ Su-laiman Abdul Aziz (Country Head) နှင့် Chang Hon Huen (Eddie) (Head, Operations) တို့မှ   တာဝန်ရှိသူများကို   ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်   (ရန်ကုန်ဘဏ်ခွဲ)   ၌  လက်ခံတွေ့ဆုံသည်။  

 


တွေ့ဆုံစဉ် May Bank အနေ ဖြင့်    မြန်မာနိုင်ငံတွင်   ဘဏ်ခွဲ ဖွင့်လှစ်ပြီးနောက် ဆောင်ရွက်နေ မှု ၊ ရုံးချုပ်၏ မူဝါဒများ ဆွေးနွေး တင်ပြခဲ့ပြီး   မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်ကို လိုလားပါကြောင်း၊  မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ် များ၊ ပုဂ္ဂလိကဘဏ်များ၏ နေ့စဉ် ဆောင်ရွက်ချက်များကို    စိစစ် ကြပ်မတ်လျက်ရှိပြီး လက်ရှိနိုင်ငံ ခြားငွေ    ဈေးကွက်တိုးတက်မှု၊ Interbank Market တွင် ဆောင် ရွက်နေမှုများ၊ ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုများ၊ Worker Remi-ttance  အတွက်  မလေးရှားရောက် မြန်မာများမှ ပြန်လည်လွှဲပို့ရာတွင် May Bank မှ တက်ကြွစွာ ပါဝင် ဆောင်ရွက်ပေးရေး၊ မြန်မာနိုင်ငံ ၏ ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို   ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။ 

 


အဆိုပါ   အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်  ဦးအောင် အောင်၊ စာရင်းဌာနမှ  ညွှန်ကြား ရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါတို့  တက် ရောက်ကြသည်။      သတင်းစဉ်