မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

 

နေပြည်တော်   မတ်   ၂၃


နိုင်ငံပိုင်ဘဏ်များ၊     ပုဂ္ဂလိက ဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ၂၀၂၁-၂၀၂၂ ခုနှစ်  ခြောက်လပတ် ဘဏ္ဍာနှစ်ချုပ်     ပိတ်လအတွင်း သက်ဆိုင်ရာ      အစိုးရဌာနများ ၏      ငွေစာရင်းသို့        အခွန်အခ များ အချိန်မီရောက်ရှိရေးအတွက် ဘဏ်များအနေဖြင့်  CBM-NET ၏ Fund Transfer ကို အသုံးပြု၍ လည်းကောင်း၊     Cheque/PO များ   အသုံးပြု၍  လည်းကောင်း၊ လွှဲပြောင်းစာရင်း ရှင်းလင်းခြင်း နှင့်     စပ်လျဉ်း၍     အခက်အခဲ မရှိ     ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို      ယမန် နေ့က   နေပြည်တော်ရှိ    မြန်မာ နိုင်ငံတော်   ဗဟိုဘဏ်၌  ကျင်းပ သည်။

 


အစည်းအဝေးတွင်   ဒုတိယ ဥက္ကဋ္ဌ      ဒေါ်သန်းသန်းဆွေက ယခုလသည်     ဘဏ္ဍာနှစ်ချုပ် ပိတ်လဖြစ်သည့်အတွက်   နိုင်ငံ တော်မှ ရရှိမည့်   ဝင်ငွေများဖြစ် သည့်       အခွန်အခများအား သက်ဆိုင်ရာ  အစိုးရဌာနများ၏ ငွေစာရင်းသို့    အချိန်မီရောက်ရှိ ရေးနှင့်စပ်လျဉ်း၍    မြန်မာနိုင်ငံ တော်   ဗဟိုဘဏ်က    ဘဏ်များ အချင်းချင်း  CBM-NETမှတစ်ဆင့် Fund     Transfer    နည်းဖြင့် လွှဲပြောင်းမှုများအတွက် ပမာဏ များ   ကန့်သတ်ထားခြင်းမရှိပါ၍ ဘဏ်များအနေဖြင့် အခွန်ထမ်း ပြည်သူများမှ လာရောက်ပေးသွင်း သည့် အခွန်များအား သက်ဆိုင်ရာ ဘဏ်စာရင်းသို့ Fund Transfer နည်းဖြင့်   လွှဲပြောင်းသည့်အခါ အပြည့်အဝ  ဆောင်ရွက်ပေးရန်၊  အကယ်၍  အခွန်ထမ်းပြည်သူများ မှ ပမာဏကြီးမားသော လွှဲပြောင်း မှုများဖြစ်ပါက    ဘဏ်အနေဖြင့် မိမိ၏  Customer နှင့်  ညှိနှိုင်း၍ လွှဲပြောင်းနိုင်ရေး ညှိနှိုင်းဆောင် ရွက်သွားရန်၊  နှစ်ချုပ်ပိတ်လဖြစ် သည့်အတွက် ဘဏ်များအနေဖြင့် မိမိဘဏ်၏ Customer များအား နောက်ဆုံးစာရင်း  ရှင်းလင်းပေး မည့် နေ့ရက်ကို ကြိုတင်အသိပေး ထားရန် မှာကြားသည်။

 


ဆက်လက်၍ ဘဏ်များအနေ ဖြင့်    PO  ရောင်းချမှုများတွင် Customer များ၏ Old Account မှဖြစ်စေ၊ New Account မှဖြစ်စေ ရောင်းချပေးရန်၊  ဈေးကွက်တွင် ငွေသားယူစာရင်းပြောင်း၍  PO ဝယ်ယူခြင်းများ၊ ရာခိုင်နှုန်းယူ၍ ငွေသား     လဲလှယ်ခြင်းများနှင့် ပက်သတ်၍    ရွှေနှင့် ငွေကြေး ဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း မှာကြားခဲ့ပြီး ဘဏ်များ မှလည်း ၎င်းတို့ဆောင်ရွက်ချက် များကို       ပြန်လည်ဆွေးနွေးခဲ့ ကြောင်း သိရသည်။


သတင်းစဉ်