ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အမိန့်ကြော်ငြာစာအမှတ် ၄၃ /၂၀၂၁
၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်
( ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် )
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၂၁ အရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာ အကောင် အထည်ဖော်ရန်အလို့ငှာ အခြေပစ္စည်းနှင့် ကုန်ပစ္စည်းရောင်းခြင်း၊ ဝယ်ခြင်း၊ လွှဲပြောင်းခြင်းများအတွက် ငွေပေးချေမှု၊ ဝန်ဆောင်မှုအတွက် ငွေပေးချေမှုနှင့် အခြားငွေပေးချေမှုများ ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် ငွေသားဖြင့် ပေးချေမှုကို ကျပ်သိန်း ၂၀၀ ထက်မပိုစေရ။ ထိုပမာဏထက် ပိုသည့် မည်သည့်ပေးချေမှုများ အတွက်မဆို ဘဏ်စနစ်အသုံးပြု၍ ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများဖြစ်သော မိုဘိုင်းဘဏ် လုပ်ငန်း (Mobile Banking)၊ အင်တာနက်ဘဏ်လုပ်ငန်း (Internet Banking) ဖြင့် ပေးချေခြင်း၊ ဘဏ်ကတ်များဖြင့် ပေးချေခြင်း၊ ချက်လက်မှတ်/ငွေပေးအမိန့်လွှာ (PO) များဖြင့် ပေးချေခြင်း၊ စာရင်း ပြောင်းပေးချေခြင်း (Account Transfer) နှင့် ငွေသားဖြင့် ဘဏ်သို့ပေးသွင်းပြီး ငွေပေးသွင်းပြီးကြောင်း စာရွက်စာတမ်းအထောက်အထားများ တင်ပြ၍ ငွေပေးချေခြင်းနည်းလမ်းများကို အသုံးပြုရမည်။
၃။ ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။ ဤအမိန့် ကြော်ငြာစာကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခြင်းခံရမည်။
သန်းညိန်း
ဥက္ကဋ္ဌ