
ရန်ကုန် အောက်တိုဘာ ၂၇
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာ ဥပဒေပါ ကောင်စီ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ လစဉ်ပုံမှန် အစည်းအဝေး(၈/၂၀၂၂)ကို ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ၏ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူ မောင်နိုင်မိုး)က ယခုအခါ ကောင်စီ ၏ တတိယသက်တမ်းကာလသည် တစ်နှစ်ပြည့်မြောက်ခဲ့ပြီး ဖြစ်ကြောင်း၊ ကောင်စီအနေဖြင့် သတင်းမီဒီယာဥပဒေနှင့်အညီ ဆောင်ရွက်သင့်သည်များကို စွမ်းအားရှိသမျှ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ နိုင်ငံတကာသတင်းမီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း မိမိနိုင်ငံ၏ အကျိုးစီးပွား အတွက် သတင်းမီဒီယာကဏ္ဍမှ ပွင့်လင်းတက်ကြွစွာ တင်ပြ ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများ ရှိခဲ့ကြောင်း၊ စတုတ္ထမဏ္ဍိုင် ၏ ရပ်တည်ချက်နှင့်အညီ သတင်းတု၊ သတင်းမှားများ ပပျောက် ရေးအတွက်လည်း ပညာပေးဟောပြောမှုများ ပြုလုပ်ခြင်း၊ သင်တန်း ဖွင့်လှစ်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ကျန်ရှိသည့်ကောင်စီသက်တမ်းကာလများတွင် လည်း ကောင်စီဝင်များက ပူးပေါင်းပါဝင်၍ တက်ကြွစွာ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော ကောင်စီဝင်များက အကြံပြုဆွေးနွေးကြပြီး အဆိုပါအစည်းအဝေးသို့ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင် ၂၀ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်