မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တတိယသက်တမ်း လှုပ်ရှားမှုပုံရိပ်များ(၁) စာအုပ်ထုတ်ဝေ

ရန်ကုန်    ဇူလိုင်  ၁၆  
၂၀၁၄ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီသည်     ယခုအခါ တတိယသက်တမ်းသို့ ရောက်ရှိခဲ့ပြီး  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက   စာပေနှင့် သတင်းမီဒီယာ     နယ်ပယ်အသီးသီးမှ   လူပုဂ္ဂိုလ်များ  ပါဝင်သော ကောင်စီဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းပေးခဲ့သည်။
ညှိနှိုင်းဖြေရှင်းပေးခြင်းများဆောင်ရွက်ခဲ့
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတတိယသက်တမ်းသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ  ၁ ရက်နေ့မှ စ၍ နိုင်ငံတော်အတွင်း  ဖြစ်ပေါ်နေသည့်အခြေအနေ အရပ်ရပ်ကို သတင်းမီဒီယာဌာနအသီးသီးမှ သတင်း မှန်ထုတ်ပြန်နိုင်ရေး၊ ပြည်သူလူထု၏ သတင်းသိပိုင် ခွင့်ကို မှန်ကန်စွာဆောင်ရွက်နိုင်ရေး၊ သတင်းမီဒီယာ သမားများ အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် သင်တန်းများ  ဖွင့်လှစ်ခြင်း၊ သတင်းတု  သတင်းမှား များကို  စိစစ်ဝေဖန်သုံးသပ်နိုင်ရေးအတွက်   ဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ စာသင်ကျောင်းများ၊  အရပ်  ဘက်အဖွဲ့အစည်းများတွင် ဟောပြောပွဲများ  ကျင်းပ လျက်   သတင်းမီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတကာသတင်းမီဒီယာ အဖွဲ့အစည်းများနှင့်လည်း   ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်း၊ သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ် များနှင့်  ညီညွတ်မှုမရှိသဖြင့်   ဖြစ်ပေါ်လာသည့် အငြင်းပွားမှုကိစ္စများအပေါ်တွင်လည်း   နှစ်ဖက် ညှိနှိုင်းဖြေရှင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏     တတိယသက်တမ်းကာလအတွင်း   ဆောင်ရွက်ခဲ့ သည်များကို    မှတ်တမ်းအဖြစ်   ပြုစုထားရှိသည့်  “မြန်မာနိုင်ငံ  သတင်းမီဒီယာကောင်စီ၊   တတိယ သက်တမ်းလှုပ်ရှားမှုပုံရိပ်များ (၁)  စာအုပ်”  ကို ထုတ်ဝေဖြန့်ချိခဲ့ပြီးဖြစ်သည်။
အခမဲ့ပေးပို့လှူဒါန်းသွားမည်
အဆိုပါစာအုပ်ကို ဌာနဆိုင်ရာများနှင့် သတင်း မီဒီယာလုပ်ငန်းနှင့်ဆက်စပ်ပြီး စိတ်ပါဝင်စားသော အဖွဲ့အစည်းများ၊ စာကြည့်တိုက်များ၊  လေ့လာလိုသူ များအတွက်  အခမဲ့ဖြန့်ချိ     လှူဒါန်းလျက်ရှိပြီး မည်သည့်စာကြည့်တိုက်များမဆို မှတ်တမ်းအဖြစ်  ထားရှိလိုပါက မြန်မာနိုင်ငံ  သတင်းမီဒီယာကောင်စီ ဖုန်း - ၀၉၄၄၈၀၂၆၃၂၆ သို့ ဆက်သွယ်မှာကြားနိုင် ကြောင်းနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အခမဲ့ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း   သိရ သည်။                             

သတင်းစဉ်