မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ  သတင်းနှင့်သတင်းဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 

 

ရန်ကုန်   ဧပြီ   ၂၆
မြန်မာနိုင်ငံ    သတင်းမီဒီယာ ကောင်စီက ကြီးမှူးကျင်းပသည့် သတင်းနှင့်   သတင်းဆောင်းပါး ပြိုင်ပွဲတွင်   သတင်းဆောင်းပါးဆု ရရှိသူအား  ဆုချီးမြှင့်သည့်  အခမ်း အနားကို   ရန်ကုန်မြို့   ဗိုလ်တ ထောင်မြို့နယ်  ကုန်သည်လမ်းရှိ သတင်းမီဒီယာ      ကောင်စီရုံး သင်တန်းခန်းမ၌   ဧပြီ   ၂၆ ရက်က   နံနက်  ၁၀   နာရီက ကျင်းပရာ  မြန်မာနိုင်ငံ သတင်း မီဒီယာ      ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် ကောင်စီဝင်များ၊  ဆုရရှိသူ သတင်းသမားတို့ တက်ရောက်ကြ  သည်။
ရှေးဦးစွာ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌက အဖွင့် အမှာစကား   ပြောကြားရာတွင် ယနေ့ကာလသည်   သတင်းတု သတင်းအမှားများ၊  သတင်းလိမ် များကြောင့်  မလိုလားအပ်သော ဖြစ်စဉ်များ    ပေါ်ပေါက်လျက်ရှိ သဖြင့် အဆိုပါ သတင်းတု၊ သတင်း အမှားများကို ချေဖျက်ရန် လိုအပ် သကဲ့သို့ သတင်းအမှန်များကိုသာ ရေးသားဖြန့်ချိသူ  သတင်းမီဒီယာ သမားများကိုလည်း ဂုဏ်ပြုထိုက် သည်ဟု  ယူဆသဖြင့်  “သတင်း နှင့်သတင်းဆောင်းပါးပြိုင်ပွဲ”  ကို ကျင်းပပေးခဲ့ပါကြောင်း၊  ပြိုင်ပွဲဝင် စည်းကမ်းများကိုလည်း   နေ့စဉ် ထုတ်သတင်းစာများတွင် ၂၀၂၂ ခုနှစ်    ဖေဖော်ဝါရီလအတွင်း ကြေညာ၍  ပြိုင်ပွဲဝင်များဖိတ်ခေါ် ခဲ့ရာ သတင်းနှင့် သတင်းဆောင်းပါး ပုံနှိပ်ပြီး စာမူ  ၈၂  စောင် လက်ခံရ ရှိခဲ့ပါကြောင်း၊ အဆိုပါစာမူများကို ဆုရွေးချယ်ရေး  ကော်မတီဖွဲ့စည်း ၍  စိစစ်ခဲ့ပြီး  သတ်မှတ်ချက်နှင့် ကိုက်ညီသည့် သတင်းနှင့်သတင်း ဆောင်းပါးများထဲမှ    သင့်လျော် သည့်  သတင်းဆောင်းပါးတစ်ပုဒ် ကိုသာ   ဆုချီးမြှင့်ရန်ရွေးချယ် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားသည်။
ယင်းနောက်     သတင်း ဆောင်းပါး    ဆုရွေးချယ်ရေး ကော်မတီ     အတွင်းရေးမှူး ဦးအောင်ပြည့်စုံက  ရရှိလာသည့်  သတင်းနှင့်   သတင်းဆောင်းပါး များအပေါ်      စိစစ်ရွေးချယ်ခဲ့မှု များနှင့်ပတ်သက်ပြီး   ရှင်းလင်း ပြောကြားသည်။
ထို့နောက်  “အနာဂတ်မြန်မာ  နိုင်ငံကို     သားရွှေအိုးထမ်းလာ တာမြင်လိုပါတယ်”  နှင့်  အခြား သတင်းများဖြင့်  အထူးဆုရရှိသူ  ဦးကျော်စိန်   (ပညာရေး)  ကို  မြန်မာနိုင်ငံ       သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌက ဆုပေးအပ်ပြီး ဆုရရှိသူက   ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
မြန်မာနိုင်ငံ  သတင်းမီဒီယာ ကောင်စီသည်   သတင်းမီဒီယာ သမားများ အရည်အသွေးမြှင့်တင် ရေးနှင့် ကျင့်ဝတ်နှင့်အညီ သတင်း မီဒီယာလုပ်ငန်းများ    ဆောင်ရွက် ကြစေရေးတို့အတွက်    အလေး ထားဆောင်ရွက်ကာ    သင်တန်း များဖွင့်လှစ်ခြင်း၊   သတင်းနှင့် သတင်းဆောင်းပါး   ပြိုင်ပွဲများ ကျင်းပခြင်းများ  ပြုလုပ်ပေးလျက် ရှိ နေကြောင်းနှင့်  နောင်တွင်လည်း အခါအားလျော်စွာ    ဆက်လက် ဆောင်ရွက်သွားမည်   ဖြစ်ကြောင်း သိရသည်။                       သတင်းစဉ်