မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆေးပညာညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော်တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုပေး

 

နေပြည်တော်   နိုဝင်ဘာ   ၁


ကျန်းမာရေးဝန်ကြီးဌာနသည်    နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် ရောဂါကာကွယ်ခြင်း၊ ရောဂါများကို ထိရောက်စွာကုသမှုပေးခြင်းတို့အပြင် လူမှုဘဝတိုးတက်စေရေး အတွက်  မွေးရာပါ   နှုတ်ခမ်းကွဲ၊  အာခေါင်ကွဲလူနာ နှင့်   မျက်နှာကွဲလူနာများအား   ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ  ကျန်းမာရေးဝန်ကြီးဌာနမှ  ကြီးမှူး ကျင်းပမည့်  မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ   ဆေး ပညာညီလာခံ (Myanmar Dental Health Science Conference) အား   ဂုဏ်ပြုကြိုဆိုသောအားဖြင့် ညီလာခံအကြိုလှုပ်ရှားမှုအဖြစ် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား  နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့်  သွားနှင့်  ခံတွင်း အထူးကုဆေးရုံ နေပြည်တော်တို့တွင် ခွဲစိတ်ကုသမှု များ ဆောင်ရွက်ပေးလျက်ရှိသည်။


ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည်  တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် သွားနှင့်ခံတွင်းအထူးကု ဆေးရုံ နေပြည်တော်သို့ရောက်ရှိပြီး မြန်မာသွားနှင့် ခံတွင်းခွဲစိတ်အထူးကု   ဆရာဝန်ကြီးများနှင့်  Korea University Medicine မှ ပါမောက္ခ/ အထူးကုဆရာ ဝန်ကြီးများပူးပေါင်းကာ  ကလေးငယ်များ   ခွဲစိတ် ကုသနေမှုများကို  ကြည့်ရှုအားပေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခွဲစိတ်ကုသမှုခံယူရန် စောင့်ဆိုင်းနေသော ကလေး လူနာများနှင့် မိဘများအား အားပေးစကားပြောကြား ပြီး   ကိုရီးယား-မြန်မာ    ပူးပေါင်းခွဲစိတ်ကုသမှု ဆောင်ရွက်နေမှုကို ကြည့်ရှုကာ   ကိုရီးယားခွဲစိတ် ကုသရေးအဖွဲ့ကို ဂုဏ်ပြုလက်ဆောင်  သစ်သီးခြင်း ပေးအပ်သည်။


နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်တို့မှ နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲ၊ မျက်နှာကွဲ ကလေးလူနာ ၄၀ ကို စမ်းသပ်စစ်ဆေး ခဲ့ပြီး ယနေ့တွင် နှုတ်ခမ်းကွဲလူနာ ၁၀ ဦး၊ အာခေါင်ကွဲ လူနာ နှစ်ဦး စုစုပေါင်း ၁၂ ဦးအား သွားနှင့်ခံတွင်း အထူးကုဆေးရုံ နေပြည်တော်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်   ခွဲစိတ်ပြီးလူနာ အားလုံး၏ ကျန်းမာရေးအခြေအနေ   ကောင်းမွန် လျက်ရှိသည်။ နိုဝင်ဘာ ၂ ရက် တွင် နှုတ်ခမ်းကွဲလူနာ ၁၂ ဦး၊ အာခေါင်ကွဲလူနာ တစ်ဦး၊ မျက်နှာကွဲလူနာ တစ်ဦး စုစုပေါင်း ၁၄ ဦးတို့ကို နေပြည်တော်ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် ဆက်လက်၍ ခွဲစိတ် ကုသမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ Korea University Medicine မှ Professor Deok- Woo Kim ဦးဆောင်သောအဖွဲ့သည် နိုဝင်ဘာ ၃ရက် မှ ၄ ရက်အထိ ကျင်းပမည့်  မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ  ဆေးပညာညီလာခံ (Myanmar Dental Health Scie- nce Conference)တွင် စာတမ်းဖတ်ကြားခြင်း၊ မြန်မာ နိုင်ငံသွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် အတွေ့အကြုံ ဖလှယ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း    သတင်းရရှိသည်။                              

သတင်းစဉ်