မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သဘောထားထုတ်ပြန်ကြေညာချက်

 

(၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်)


မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော  ပညာတတ်များ ပေါများလာရေးကို အထူးအရေးပါသော အချက်တစ်ချက် အဖြစ် ခံယူလျက်ရှိပါသည်။

 


ယခုအခါ မြန်မာနိုင်ငံတွင် အသက်အရွယ် ကောင်းမွန်သူ (၁၀) သန်းကျော်မှာ ဆယ်တန်း မအောင်ကြ၊ ဘွဲ့မရကြ၊ စာမတတ်သူများ ပေါများနေသောကြောင့် နောင်မျိုးဆက်သစ်များ၏ ပညာရေးကဏ္ဍကို အထူးအားပေးရန် လိုအပ်လျက်ရှိပါသည်။
ထိုလိုအပ်ချက်ကို စိတ်ရောကိုယ်ပါ စေတနာအပြည့်ဖြင့် လုပ်ကိုင်နေကြသော ဆရာ ဆရာမပေါင်း (၃၀) ကျော် အသတ်ခံရခြင်း၊ စာသင်ကျောင်းများ အကြိမ်ပေါင်း (၃၇၀) ကျော် ဗုံးခွဲခံရခြင်းများ ဖြစ်ခဲ့ပါ သည်။

 


ယခုတစ်ဖန် ၂၀၂၂ ခုနှစ်၊ မေလ (၃၁) ရက်နေ့က နောင်ချိုမြို့နယ်     မြို့နယ်ပညာရေးမှူးရုံးကို မိုင်းထောင်ဖောက်ခွဲ‌သောကြောင့် ကျောင်းအုပ်ဆရာမကြီး (၁)ဦး သေဆုံးပြီး ကျန်သူများ ဒဏ်ရာရမှု    ရှိကြောင်း ကြားသိရပါသည်။

 


ထိုကဲ့သို့ အနန္တဂိုဏ်းဝင် ဆရာ ဆရာမများကို သတ်ဖြတ်ခြင်း၊ အားနည်းနေသော ပညာရေးကဏ္ဍမှ ကျောင်းများကို မီးရှို့ဖျက်ဆီးခြင်းပြုလုပ်နေသည့် အကြမ်းဖက်အဖွဲ့အစည်းများအား မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ပြင်းထန်စွာပြစ်တင်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
    
  

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး