မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့တွင် ရေအခက်အခဲ ဆိုးရွားစွာကြုံတွေ့နေရ ခေါင်းစဉ်ဖြင့် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိ

နေပြည်တော်    မေ    ၃
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့ တွင် ရေအခက်အခဲ   ဆိုးရွားစွာ ကြုံတွေ့နေရ ခေါင်းစဉ်ဖြင့် Irr-awaddy   သတင်းဌာန    လူမှု ကွန်ရက်     စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်းများ ဖော်ပြ လျက်ရှိသည်ကို  တွေ့ရသည်။
အဆိုပါ သတင်းသည် မဟုတ် မမှန်  လုပ်ကြံသတင်းသာဖြစ်ပြီး မြန်မာနိုင်ငံရှိ    အကျဉ်းထောင်၊ အချုပ်ထောင်များတွင် လူဦးရေ ကျပ်တည်းမှုမရှိဘဲ တစ်နေ့လျှင် ရေချိုးချိန် နှစ်ကြိမ် ပေးထားပြီး စည်းကမ်းတကျ    ရေချိုးခွင့်ပြု ထားကာ   ယနေ့   အချိန်အထိ ရေပြတ်လပ်မှုမရှိဘဲ သောက်ရေ၊ သုံးရေ  လုံလောက်စွာ   အသုံးပြု လျက်ရှိကြောင်း သိရသည်။
ထို့ပြင်     ကျိုက်မရောဗဟို အကျဉ်းထောင်တွင် အတ္တရံမြစ်မှ မြစ်ရေတင်စနစ်ဖြင့် ရေစစ်ကန် လေးကန်အား   အဆင့်ဆင့်ဖြတ် ကျော်ပြီး အကျဉ်းထောင်အတွင်း ရေပေးပို့    သုံးစွဲစေလျက်ရှိကာ မြစ်ရေတင်ပိုက်လိုင်း  ဖြတ်သန်း သောလမ်းကြောင်းတွင်လည်း ဘဲ မွေးမြူရေးကန်များ  မရှိကြောင်း၊ သောက်ရေအတွက်   အကျဉ်း ထောင်အတွင်း အဝီစိ တွင်းများမှ ရရှိသောရေများအား ရေသန့်စက် များဖြင့် သန့်စင်၍   သောက်ရေ ပေးဝေခြင်းအပြင်  ပြင်ပရေသန့် ကားများဖြင့်လည်း     အကျဉ်း ထောင်အစီအစဉ်ဖြင့် သောက်ရေ သန့်များ     ဝယ်ယူဖြည့်တင်းပေး လျက်ရှိကြောင်း၊    အကျဉ်းသား တစ်ဦးလျှင် တစ်ရက် သောက်ရေ လေးလီတာနှင့် ချိုးရေဂါလန် ၃၀ အထိ သုံးစွဲခွင့်ပေးထားကြောင်း။
အလားတူ     မုံရွာအကျဉ်း ထောင်တွင်   သောက်ရေသုံးရေ လုံလောက်စွာ    ရရှိရေးအတွက် စည်ပင်သာယာရေးအဖွဲ့   ရေပေး ဝေရေးစနစ်မှ  အကျဉ်းထောင်သို့ ပိုက်လိုင်းသွယ်၍ ရေလှောင်ကန် နှစ်ကန်မှတစ်ဆင့် အကျဉ်းထောင် ရေသန့်စက်ရုံမှ   ထုတ်ယူသုံးစွဲ သည့်စနစ်ဖြင့်   အကျဉ်းထောင် အိပ်ဆောင်များသို့ တစ်ရက်လျှင် ငါးကြိမ်   ပို့လွှတ်သုံးစွဲစေလျက် ရှိကြောင်း၊ တစ်ဦးလျှင် သောက်ရေ သုံးရေသတ်မှတ်ချက်အတိုင်း သုံးစွဲ ခွင့်ပြုထားကြောင်း၊  ထိန်းသိမ်း ထားရှိသည့် အကျဉ်းသား အကျဉ်း သူများအနက် အရေပြားယားနာ ဖြစ်ပွားသူများမရှိဘဲ အိပ်ဆောင် များတွင်     လေဝင်လေထွက် ကောင်းမွန်ပြီး ပန်ကာများလည်း   တပ်ဆင်ပေးထားခြင်းကြောင့် အပူ နာများဖြစ်ပွားမှုများလည်း မရှိ ကြောင်း၊ အကျဉ်းထောင်ဆရာဝန် နှင့် ကျန်းမာရေးအဖွဲ့များကလည်း နေ့/ည မည်သည့်အချိန်တွင်မဆို   လိုအပ်သည့်ကျန်းမာရေးဆေးဝါး ကုသမှုများအား    အချိန်ပြည့်   ဆောင်ရွက်ပေးလျက်ရှိကြောင်း အကျဉ်းထောင်တာဝန် ရှိသူများထံ စိစစ်ချက်အရ သိရသည်။
ထို့ပြင် သရက်အကျဉ်းထောင် တွင်   အကျဉ်းထောင်အတွင်း စက်ရေတွင်း  ၁၂  တွင်း၊   ၂၇၆ဝ watt ရှိ နေရာင်ခြည်သုံးဆိုလာ စနစ် လေးလက်မ   ရေတင်စက် နှစ်လုံးတို့ရှိပြီး ၎င်းစက်ရေတွင်း များမှ  သောက်ရေသုံးရေများကို အကျဉ်းထောင်အတွင်း  ရေသန့် စက်ရုံများမှ အိပ်ဆောင်များအား လုံလောက်စွာ  ဖြန့်ဝေပေးလျက် ရှိကြောင်း၊  မြင်းခြံဗဟိုအကျဉ်း ထောင်၊ မိတ္ထီလာအကျဉ်းထောင် နှင့် ရမည်းသင်းအကျဉ်းထောင်တို့ တွင်လည်း အကျဉ်းထောင်၏ ရေ သန့်စက်ရုံမှ RO စနစ်ဖြင့် အကျဉ်း သား   အကျဉ်းသူများအတွက် သောက်ရေသုံးရေများကို    လုံ လောက်စွာ  ဖြန့်ဝေပေးလျက်ရှိ ကြောင်းနှင့်   သောက်ရေသုံးရေ များ လုံလောက်မှုရှိသောကြောင့် အကျဉ်းသား အကျဉ်းသူ၊  အချုပ် သား အချုပ်သူများ၌အပူကန်ခြင်း၊   အရေပြားယားနာများနှင့်အပူနာ ခြင်းများ ဖြစ်ပွားနေခြင်းမရှိကြောင်း    အကျဉ်းထောင် တာဝန်ရှိသူများထံ စိစစ်ချက်အရ သိရသည်။
Irrawaddy   သတင်းဌာန၏ လူမှုကွန်ရက်   စာမျက်နှာတွင် ဖော်ပြချက်သည် အကျဉ်းထောင် တာဝန်ရှိသူများကို ပြည်သူလူထု အထင် အမြင်လွဲမှားစေရန် ထိုးနှက် တိုက်ခိုက်သောသတင်းတု၊ သတင်း မှားများသာ ဖြစ်သည်။    (မိုးမြင့်)