မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေနှင့် ကျွန်တော့်အမြင် (၁၉၈၈ -၂၀၁၄) စာအုပ် ထုတ်ဝေဖြန့်ချိ

 

နေပြည်တော် မတ် ၁၆
ဗိုလ်မှူးကြီးဟောင်း လှမင်း ရေးသားသည့် “ မြန်မာ့ နိုင်ငံရေး လက်ရှိအခြေအနေနှင့်  ကျွန်တော့်အမြင် (၁၉၈၈-၂၀၁၄)” စာအုပ်ကို စာပေဗိမာန်က  ထုတ်ဝေ လိုက်သည်။
ယင်းစာအုပ်ကို စာရေးသူက ဖြည့်စွက်တည်း ဖြတ်လျက်   မိမိအစီအစဉ်ဖြင့်  (၆)  ကြိမ်မြောက် ထုတ်ဝေခဲ့ပြီး         စာပေဗိမာန်က (၇) ကြိမ်မြောက် အဖြစ် ထုတ်ဝေခြင်း  ဖြစ်သည်။
စာရေးသူက မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော  ဖွံ့ဖြိုးတိုးတက်မှု များနှင့် ရင်ဆိုင်နေရသောပြဿနာများကို  မတူညီ သောရှုထောင့်မှ     ရှုမြင်နိုင်စေရန် ရည်ရွယ်ရေးသား ထားသည်။     “မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေနှင့် ကျွန်တော့်အမြင်   (၁၉၈၈-၂၀၁၄)”   စာအုပ်တွင် မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊  လွတ်လပ်ရေး မတိုင်မီကာလ၊ လွတ်လပ်ရေးရပြီးကာလ၊ မြန်မာ နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ မြန်မာနိုင်ငံ၏  ကမ္ဘာ့ အခြေခံလူ့အခွင့်အရေးများ၊   နိုင်ငံတော်တာဝန်ကို   တပ်မတော်အစိုးရ        တာဝန်ယူစဉ်ကာလအတွင်း ဖြစ်ပေါ်ပြောင်းလဲမှု၊     ဖွဲ့စည်းပုံအခြေခံဥပဒေသစ်    တစ်ရပ်ရေးဆွဲခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့်  ပြောင်း လဲနေသော  မြန်မာနိုင်ငံ၊  နိုင်ငံတော်၏  ရှေ့သွား မည့် မူဝါဒလမ်းစဉ်၊  မြန်မာနိုင်ငံ၏   ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ပြောင်းလဲမှု၊ နိုင်ငံတည်ဆောက် မှုတွင်  ဖွံ့ဖြိုးတိုးတက်မှုများကို  စာရေးသူက  တင်ပြ ရေးသားထားသည်။
ထို့ပြင်  မြန်မာနိုင်ငံ၏   မူးယစ်ဆေးဝါး ပပျောက်ရေးကြိုးပမ်းမှု၊    အမျိုးသားရေးပြဿနာ တစ်ခုဖြစ်နေသော       လူကုန်ကူးမှုကို တိုက်ဖျက်ခြင်း၊ ကလေးသူငယ်များ၏  အခွင့်အရေးများကို  ကာကွယ် စောင့်ရှောက်ခြင်းများကိုလည်း     လေ့လာတင်ပြထား သည့်အပြင် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် စွပ်စွဲ ချက်များ၊  စီးပွားရေးပိတ်ဆို့မှုများနှင့်  ရင်ဆိုင်နေရ သည့်ပြဿနာများကို  စာရေးသူအမြင်ဖြင့်   သုံးသပ် တင်ပြထားသည်။
ယခုအခါ   ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံ တော်သည်    စည်းကမ်းပြည့်ဝသော    ပါတီစုံဒီမို ကရေစီနှင့်   ဖက်ဒရယ်စနစ်ကို    အခြေခံသည့် ပြည်ထောင်စုကို   တည်ဆောက်လျက်ရှိရာ   ယင်း အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွင်       ပြည်သူ အများက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အတိတ်၊ ပစ္စုပ္ပန် အခြေအနေများကို လေ့လာသိရှိလျက် အနာ ဂတ်ကို  ကြိုတင်ရှုမြင်နိုင်ရန်အတွက်   ဤစာအုပ်ကို ထုတ်ဝေခြင်းဖြစ်သည်။
စာအုပ်တွင်  စာမျက်နှာ ၂၄၅ မျက်နှာပါဝင်ပြီး  တန်ဖိုးငွေကျပ်  ၄၅၀၀ ဖြင့်     ရန်ကုန်မြို့၊  အမှတ် ၅၂၉ - ၅၃၁၊   ကုန်သည်လမ်းရှိ   စာပေဗိမာန်  စာအုပ်ဆိုင်  (ဖုန်း ၀၁-၂၄၉၀၃၁၊     ၀၁-၃၈၁၄၄၈)၊   အမှတ် (တ -၅၅)၊   သပြေကုန်းဈေး၊  နေပြည်တော်ရှိ     စာပေဗိမာန် စာအုပ်ဆိုင်  (ဖုန်း ၀၆၇-၃၄၁၄၆ ၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား   မန္တလေးမြို့ရှိ  စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) တို့တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။          

   ဇော်ဝင်းထွန်း