
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ
အတည်ပြုခန့်ထားခြင်းနှင့်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အောက်ဖော်ပြပါ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်-
အမည် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး
ရာထူး၊ ဌာန
(က) ပါမောက္ခ ပါမောက္ခချုပ်
ဒေါက်တာအေဘီ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)
ကျန်းမာရေး လူ့စွမ်းအား
အရင်းအမြစ်ဦးစီးဌာန
ကျန်းမာရေးဝန်ကြီးဌာန
( ခ ) ဦးအောင်ကျော်မိုး ညွှန်ကြားရေးမှူးချုပ်
ပြန်လည်ထူထောင်ရေးဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၂။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင် ကို မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန် ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထား လိုက်သည်။