
နေပြည်တော် မေ ၁၄
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို လွင်သည် ရန်ကုန်မြို့ရှိ ကာတာသံရုံး သံရုံးယာယီ တာဝန်ခံ/ သံအမတ် Dr. Rashid Adbulla Al-Kuwari ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့ အကြား နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံရှိ ယူရီးယား ဓာတ်မြေဩဇာစက်ရုံများ အဆင့်မြှင့်တင်နိုင်ရေး၊ ကုန်းတွင်း၊ ကမ်းလွန်ရေနံ နှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်နိုင် ရေး ဆိုင်ရာ ကိစ္စရပ်များတွင် နည်းပညာပိုင်းဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သဘာဝဓာတ်ငွေ့ရည် LNG နှင့်စပ်လျဉ်း၍ ကုန်သွယ် မှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ကို လျင်မြန်စွာစတင်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်