မြန်မာနိုင်ငံမှ တန်ဖိုးမြှင့်ထုတ်ကုန် မျှစ်ခြောက်ကို ဂျပန်နိုင်ငံသို့တင်ပို့လျက်ရှိ

 

နေပြည်တော်   မေ   ၇


မြန်မာနိုင်ငံမှ  တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုဖြစ် သည့်   ဝါးပိုးမျှစ်ခြောက်ကို   ဂျပန်နိုင်ငံသို့   နှစ်စဉ် တင်ပို့လျက်ရှိကြောင်း  naraindara   ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ    မနန်းခင်အုန်းထံမှ    သိရ သည်။

 


“မျှစ်ခြောက်ပြုလုပ်ဖို့   နည်းပညာကို   တရုတ် (တိုင်ပေ)က နှစ် (၄၀)အတွေ့အကြုံရှိတဲ့ ပညာရှင် တွေဆီကနေ  လေ့လာပြီး လုပ်ဖြစ်ပါတယ်။   မျှစ်ကုန် ကြမ်းရရှိဖို့ အတွက်ကတော့  မြန်မာနိုင်ငံဝါးစိုက်ပျိုး ရေးအသင်းနဲ့  ပူးပေါင်းပြီး  လုပ်ဆောင်ပါတယ်” ဟု မန်နေဂျင်းဒါရိုက်တာ  မနန်းခင်အုန်းက ပြောသည်။

 


မျှစ်ခြောက်ပြုလုပ်ရန်   မျှစ်အစိုကို   ဇူလိုင်၊ ဩဂုတ်နှင့်   စက်တင်ဘာလများတွင်   စုဆောင်းပြီး နို၀င်ဘာလမှစပြီး မတ်လပိုင်း  ပွင့်လင်းရာသီအထိ နေဖြင့် အခြောက်ခံကာ  ပြည်ပပို့ရန်   ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 

 


“မျှစ်ခြောက်ပြုလုပ်တဲ့အခါ ဝါးပိုးဝါးတစ်မျိုးသာ  ကျွန်မတို့အသုံးပြု ပါတယ်။ ရေနဲ့ပြုတ်ပြီးတဲ့မျှစ်အစို တစ်ပိဿာကို အခြောက်ခံမယ်ဆိုရင် ၁၀ရာခိုင်နှုန်းတော့လျော့သွားပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားဖြစ် ဝါး စိုက်ခင်းတွေ    မရှိတဲ့အခါ   မျှစ်ကုန်ကြမ်းကို လိုသလောက်၀ယ်လို့တော့   မရပါဘူး။  အဲဒီတော့ ပြည်ပကိုတင်ပို့တဲ့အခါ တန်ချိန်လိုသလောက် မရတာ တွေလည်းရှိပါတယ်”ဟု  ၎င်းက  ပြောသည်။

 


မြန်မာနိုင်ငံထွက်   မျှစ်ခြောက်ကို  ဂျပန်နိုင်ငံသို့   ပုံစံသုံးမျိုးဖြင့် တင်ပို့လျက်ရှိပြီး တစ်နှစ်လျှင် ၁၈ တန် တင်ပို့လျက်ရှိကြောင်း  သိရသည်။                                                                          

ဇော်ဘီ